ကယ်လီဖိုးနီးယားရှိ ရေကာတာ ဘေးအန္တရာယ်ကြံုရနိုင်သောကြောင့် ပြောင်းရွှေ့ကြရန် ပြောကြားခဲ့

ကယ်လီဖိုးနီးယားရှိ ရေကာတာ ဘေးအန္တရာယ်ကြံုရနိုင်သောကြောင့် ပြောင်းရွှေ့ကြရန် ပြောကြားခဲ့

အမေရိကန်ရှိ အမြင့်ဆုံးရေကာတာသည် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကာတာမြောင်းအတွင်း ရေစီးရေလျှံမှုများ ဖြစ်ပေါ်လာသောကြောင့် ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်းမှ အနည်းဆုံး လူပေါင်း ၁၃၀၀၀၀ ခန့် အား ၎င်းတို့၏နေအိမ်များကို စွန့်ခွာပြောင်းရွှေ့ရန် ညွှန်ကြားခဲ့သည်။

အရာရှိများက အမြင့်ပေ၇၇၀ခန့်မြင့်သော Oroville ရေကာတာ၏အရေးပေါ်ရေထွက်ပေါက်သည် ပြိုလဲကျရန် နီးကပ်လာပြီဟု ပြောခဲ့သည်။

ပိုလျှံနေသောရေများသည် ယခုတွင်စီးဆင်းမှုရပ်တန့်သွားပြီဖြစ်ကြောင်းလည်း သိရသည်။

သို့သော်လည်း Butte ကောင်တီမှအရာရှိဖြစ်သူ ကော်ရီဟိုနီရာက အိုးအိမ်စွန့်ခွာပြောင်းရွှေ့ရန်ပေးထားသော အမိန့်သည်ဆက်လက်အသက်ဝင်နေဆဲဖြစ်ကြောင်း တနင်္ဂနွေနေ့ အနှောင်းပိုင်းတွင်   ပြောခဲ့သည်။

နှစ်ပေါင်းများစွာကြာအောင် မိုးခေါင်ရေရှားမှုအပြီးတွင် သည်းထန်စွာရွာသွန်းခဲ့သောမိုးများနှင့်နှင်းများကြောင့် ရေလှောင်ကန်အတွင်းရှိ ရေချိန်သည် မြင့်တက်လာခဲ့ကြောင်းသိရသည်။

ယခုဖြစ်စဉ်သည် နှစ်ပေါင်း၅၀ခန့်အတွင်း Oroville ရေလှောင်တမံကြီးသည် အရေးပေါ်အခြေအနေကိုပထမဦး ဆုံးအကြိမ်ဖြစ်ကြုံတွေ့ရခြင်းဖြစ်သည်။

ကယ်လီဖိုးနီးယားရေအရင်းအမြစ်ဌာမှ တနင်္ဂနွေနေ့အစောပိုင်းတွင် အဓိကရေထွက်ပေါက်အတွင်းမှ ရေများကို တစ်စက္ကန့်လျှင် ၁၀၀၀၀၀ ကုဗပေနှုန်းထားဖြင့်   ရေလှောင်ကန်အတွင်းမှ ရေများကို လွှတ်ထုတ်သွားနေခဲ့သည် ဟုပြောခဲ့သည်။

လူမှုမီဒီယာပေါ်တွင်တင်ပြခဲ့သောထုတ်ပြန်ကြေညာချက်တွင် ကယ်လီဖိုးနီးယားပြည်နယ်ရှိ Lake Oroville ရေကာတာဒေသအနီးမှအရာရှိများသည် အဆိုပါအရပ်ဒေသတွင်နေထိုင်သူများအား အိုးအိမ်စွန့်ခွာပြောင်းရွှေ့ ကြရန်အမိန့်ပေးခဲ့ပြီး ဒါဟာအစမ်းလေ့ကျင့်နေတာ မဟုတ်ကြောင်း သတိပေးခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags