ဂါရတ်ဘေးလ် လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်ပြီး တစ်လအတွင်း ပွဲပြန်ကစားနိုင်မည်ဟု နည်းပြဇီဒန်း မျှော်လင့်

ဂါရတ်ဘေးလ် လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်ပြီး တစ်လအတွင်း ပွဲပြန်ကစားနိုင်မည်ဟု နည်းပြဇီဒန်း မျှော်လင့်

ဖေဖော်ဝါရီ ၁၃၊ အင်္ဂလန် ။             ။ ခြေကျင်းဝတ်ဒဏ်ရာကြောင့် အနားယူနေရသည့် ရီးယဲလ်တိုက်စစ်ကစားသမား ဂါရတ်ဘေးလ်သည် လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်ပြီး တစ်လအတွင်း ပွဲပြန်ကစားနိုင်မည်ဟု နည်းပြဇီဒန်းက မျှော်လင့်လျက်ရှိနေသည်။

အသက် ၂၇ နှစ်အရွယ်ရှိ ဂါရတ်ဘေးလ်သည် ခြေကျင်းဝတ်ဒဏ်ရာကို ခွဲစိတ်ကုသခဲ့ရပြီး ပြီးခဲ့သည့် နိုဝင်ဘာလကတည်းက အနားယူနေရသူဖြစ်သည်။

အသင်းနှင့်အတူ ပထမဆုံးလေ့ကျင့်ခန်း ပြန်လည်ပြုလုပ်ပြီးနောက်တွင် ဂါရတ်ဘေးလ်က ‘ဒီနေ့ လူငယ်တွေနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းခဲ့တယ်။ ပွဲတွေ ပြန်ကစားဖို့ မစောင့်နိုင်တော့ဘူး’ ဟု လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားခဲ့သည်။

ရီးယဲလ်နည်းပြ ဇီဒန်းကလည်း ဘေးလ်၏ အခြေအနေမှာ ကောင်းမွန်ပြီး လေ့ကျင့်ခန်းကောင်းကောင်းလုပ်နိုင်ခဲ့ကြောင်း ဆိုသည်။ ဂါရတ်ဘေးလ်၏လက်ရှိအခြေအနေအရ ပွဲပြန်ကစားနိုင်မည့်ရက်ကို အတိအကျမပြောနိုင်သေးသော်လည်း နာပိုလီနှင့် ကစားရမည့် ချန်ပီယံလိဂ်ဒုတိယအကျော့တွင် အသုံးပြုနိုင်မည်ဟု နည်းပြဇီဒန်းက မျှော်လင့်လျက်ရှိနေသည်။

ဂါရတ်ဘေးလ် လေ့ကျင့်ခန်းပြန်ဆင်းနိုင်ခြင်းမှာ အသင်းအတွက် အလွန်အရေးပါကြောင်း ဇီဒန်းက ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly