ဟောင်ကောင်က မြေအောက်ရထားပေါ် မီးရှို့သူအား ဖမ်းဆီးမိ

ဟောင်ကောင်က မြေအောက်ရထားပေါ် မီးရှို့သူအား ဖမ်းဆီးမိ

ဟောင်ကောင်၊ ဖေဖော်ဝါရီ ၁၁ ။               ။ ဟောင်ကောင်က လူစည်ကားရာ မြေအောက်ဘူတာရုံရှိ ရထားတစ်စီးပေါ်မှာ မီးရှို့မှုကျုးလွန်ခဲ့သူကို ရဲတွေက ဖမ်းဆီးထားပါတယ်။ လူစည်းကားချိန် အဓိကဘူတာရုံမှာ မီးရှို့မှုဖြစ်တာကြောင့် အထိတ်တန့် ဖြစ်ခဲ့ကြပြီး ထိခိုက်ဒဏ်ရာရသူ ၁၇ ဦးရှိကာ ခရီးသည်တွေကို ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ရပါတယ်။

ဘူတာရဲ့ ပလက်ဖောင်းမှာ ဝရုန်းသုန်းကား ပြေးလွှားနေကြပုံ၊ ရထားတွဲတစ်တွဲအတွင်း မီးလောင်နေပုံ၊ ပလက်ဖောင်းပေါ် အဝတ်အစားတွေ မီးလောင်နေတဲ့ လဲကျနေတဲ့သူတစ်ဦးကို ဘေးနားက လူတွေက ဝိုင်းဝန်းငြိမ်းသတ်ပေးနေပုံတွေကို ဗီဒီယိုမြင်ကွင်းများမှာ မြင်တွေ့ရပါတယ်။

“ကျွန်တော်တို့ရဲ့ ကနဦး စစ်ဆေးချက်အရ ဒေသခံတစ်ဦးက မီးလောင်လွယ်တဲ့ပစ္စည်းတွေနဲ့ မီးရှို့ခဲ့တာဖြစ်ပါတယ်။”ဟု မီးသတ်ဌာန လက်ထောက်အကြီးအကဲက သတင်းထောက်တွေကို ပြောပါတယ်။

ခုဖြစ်ရပ်မှာ ၁၇ ဦး ဒဏ်ရာရပြီး နှစ်ဦးအခြေအနေ စိုးရိမ်ရကြောင်း အစိုးရ တာဝန်ရှိသူတစ်ဦးက အေအက်ဖ်ပီသတင်းဌာနကို ပြောပါတယ်။ မီးလောင်ဒဏ်ရာ၊ မီးခိုးငွေ့ မွှန်တာတွေကို ခံစားခဲ့ရခြင်းဖြစ်ကြောင်း ဆိုပါတယ်။

အကြမ်းဖက်အစွန်းရောက် တိုက်ခိုက်မှုတော့ မဟုတ်ကြောင်း ရဲက ပြောထားပါတယ်။

“ခုမီးရှို့တဲ့သူကို ကျွန်တော်တို့ ဖမ်းမိထားပါပြီ။ သူက အသက် ၆၀ ခန့်ရှိပြီး ချောင်လို့ သိရပါတယ်။”ဟု ခရိုင်ရဲမှူးက ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly