အငြင်းပွား ရှင်ကာကူကျွန်းကို လွှမ်းခြံုသည့် အပြန်အလှန်ကာကွယ်ရေး သဘောတူညီမှု ဂျပန်အား ဒေါ်နယ်ထရမ့်က အာမခံချက်ပေး

အငြင်းပွား ရှင်ကာကူကျွန်းကို လွှမ်းခြံုသည့် အပြန်အလှန်ကာကွယ်ရေး သဘောတူညီမှု ဂျပန်အား ဒေါ်နယ်ထရမ့်က အာမခံချက်ပေး

ဝါရှင်တန်ဒီစီ၊ ဖေဖော်ဝါရီ ၁၁ ။                     ။ တရုတ်နိုင်ငံက ဒိုင်အိုယုကျွန်းလို့ ၎င်းတို့ ပိုင်တယ်ဆိုထားတဲ့ အငြင်းပွား ရှင်ကာကူကျွန်းတွေကို လွှမ်းခြုံတဲ့ အပြန်အလှန်ကာကွယ်ရေး သဘောတူမှုကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂျပန်ကို ဖေဖော်ဝါရီ ၁၀ ရက်က အာမခံချက်ပေးပါတယ်။

အမေရိကန်ရဲ့ ဂျပန်အပေါ် လုံခြုံရေးတာဝန်ခံမှုကို ထပ်လောင်းအတည်ပြုတဲ့ ပူးတွဲထုတ်ပြန်ချက်တစ်ရပ်ကို အမေရိကန်ကို ရောက်ရှိနေတဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ ထရမ့်က လက်မှတ်ရေးထိုးခဲ့ပါတယ်။

ရှင်ကာကူကျွန်းတွေမှာ ဂျပန်နိုင်ငံရဲ့ အစိုးရခြင်း လျော့ပါးသွားအောင် တစ်ဖက်သတ်လုပ်ဆောင်မှုမှန်သမျှကို ဆန့်ကျင်သွားမယ်လို့ ခေါင်းဆောင်နှစ်ဦးက ဆိုပါတယ်။ ၎င်းတို့ရဲ့ ခုမှတ်ချက် စကားတွေကြောင့်  တရုတ်အတွက်တော့ စိတ်မကျေနပ်စရာ ဖြစ်စေမှာပါ။

အငြင်းပွားကျွန်းစုတွေနဲ့ ပတ်သက်ပြီး ဘယ်လိုစစ်ရေး ထိပ်တိုက်တွေ့မှုမျိုးမဆို ဂျပန်ဖက်က ထောက်ခံသွားမယ်လို့ ထရမ့်အစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးသစ်က ပြောခဲ့ပြီးနောက်မှာ အာရှဒေသအတွင်း မတည်မငြိမ် ဖြစ်လာလိမ့်မယ်ဆိုပြီး အမေရိကန်ကို တရုတ်က သတိပေးဖူးပါတယ်။  

တောင်တရုတ်ပင်လယ်က ကျွန်းစုများအရေးမှာ အရှေ့တောင်အာရှနိုင်ငံတစ်ချို့နဲ့ အငြင်းပွားနေတဲ့ တရုတ်နိုင်ငံက အမေရိကန်ဟာ ပြဿနာတွေ ဖန်တီးနေတယ်လို့လည်း စွပ်စွဲထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags