ပိုလန်ဝန်ကြီးချုပ် ကားတိုက်မှုဖြစ်၍ ဆေးရုံတင်ထားရ

ပိုလန်ဝန်ကြီးချုပ် ကားတိုက်မှုဖြစ်၍ ဆေးရုံတင်ထားရ

ဝါဆော၊ ဖေဖော်ဝါရီ ၁၁ ။               ။ ပိုလန်ဝန်ကြီးချုပ် ဘီယာတာရှီဒလိုဟာ ကားတိုက်မှုဖြစ်လို့ ဆေးရုံတင်ထားရကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုပါတယ်။

တောင်ပိုင်းမြို့ အိုဗီယင်ချင်မှာ အမျိုးသမီးဝန်ကြီးချုပ် ရှီဒလိုရဲ့ ကားကို ကားတစ်စီးက ဝင်တိုက်တာဖြစ်ပြီး ဝန်ကြီးချုပ်က ဒဏ်ရာအနည်းငယ်ရကာ ဆေးရုံတင်ရခြင်းဖြစ်ကြောင်း ပြောဆိုခွင့်ရှိသူ ဘိုချန်နက်က ပြောသည်။

“ဝန်ကြီးချုပ်က မစိုးရိမ်ရပါဘူး။ အခြေအနေကောင်းပါတယ်။ ဝါဆောမှာ ကုသမှု ပုံမှန်စစ်ဆေးပေးနေပါတယ်။” ဘိုချန်နက်က တရားဝင်တွစ်တာတွင် ရေးသားဖော်ပြသည်။

အသက် ၅၃ နှစ်ရှိ ဝန်ကြီးချုပ်က အစိုးရပိုင်ကားအတွင်း ရှိနေချိန်မှာ ဖီးယက်ကားက ဝင်တိုက်လို့ လမ်းဘေးထိုးဆင်းပြီး သစ်ပင်ကို ဝင်တိုက်တာဖြစ်ပါတယ်။ ကားတိုက်မှုမှာ လုံခြုံရေးအေဂျင့်နှစ်ဦးလည်း ဒဏ်ရာရပါတယ်။

ဝန်ကြီးချုပ်က ထိုင်ခုံခါးပတ်ကြောင့် ပွန်းပဲ့ဒဏ်ရာလောက်သာ ရှိတာပါ။ ဆေးရုံမှာ ဘယ်နှစ်ရက်တင်ထားမယ်ဆိုတာကိုတော့ ဘိုချန်နက်က ဖြေဆိုခြင်း မရှိပါဘူး။

တရားရုံးချုပ် ရှေ့နေတွေက ကားတိုက်မှုကို အမှုဖွင့်စစ်ဆေးလျက်ရှိနေပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly