မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင်များ တတိယအကြိမ်ရောက်ရှိ

မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင်များ တတိယအကြိမ်ရောက်ရှိ

စစ်တွေ၊ ဖေဖော်ဝါရီ ၁၀ ။            ။ ရခိုင်ပြည်နယ်မြောက်ပိုင်း အကြမ်းဖက်မှုဖြစ်စဉ်နောက်ပိုင်းတွင် ဖွဲ့စည်းလိုက်သည့် နိုင်ငံတော်ဒုတိယသမ္မတ ဦးမြင့်ဆွေဦးဆောင်သော “မောင်တောဒေသဖြစ်စဉ်များနှင့် စပ်လျဉ်းသည့် စုံစမ်းစစ်ဆေးရေးကော်မရှင်” အတွင်းရေး မှူး ဦးဇော်မြင့်ဖေနှင့် ၁၁ ဦးတို့သည် ယနေ့(ဖေဖော်ဝါရီလ ၁၀ ရက်)နေ့လည် ၃၀ နာရီ ၂၀ မိနစ်ခန့်တွင် တတိယခရီးစဉ်အဖြစ် စစ်တွေမြို့သို့ ရောက်ရှိလာကြောင်းသိရသည်။

အဆိုပါ ကော်မရှင်အဖွဲ့ဝင်များနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုအပါအဝင် စည်ပင်ဝန်ကြီး ဦးမင်းအောင်၊ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာ၊ လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံတို့ စစ်တွေလေဆိပ်ဧည့်ခန်းမတွင် မိနစ်သုံးဆယ်ခန့် တွေ့ဆုံဆွေးနွေးပြီး တပ်မတော်ရဟတ်ယဉ်ဖြင့် မောင်တောမြို့သို့ ဆက်လက်သွားရောက်ခဲ့ကြကြောင်းသိရသည်။

“ကော်မရှင်က လွတ်လပ်တဲ့အဖွဲ့အစည်းဖြစ်ပါတယ်။ ဒါကြောင့် သူတို့ဘယ်ကိုသွားမယ်။ ဘာတွေလုပ်မယ်ဆိုတာကို ကျွန်တော်တို့နဲ့ သက်ဆိုင်မှုမရှိဘူး။ မနက်ပိုင်းကလည်း ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းတို့တစ်ဖွဲ့ သွားနှင့်ပါပြီ။ အခု သူတို့အဖွဲ့ ဆက်သွားမှာပါ”ဟု ရခိုင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်မောင်ဆွေက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly