အီရတ်အား ခရီးသွားလာခွင့် ပိတ်ပင်မှုမှ ဖယ်ရှားပေးရန် ထရမ့်ကို အီရတ်ဝန်ကြီးချုပ်တောင်းဆို

အီရတ်အား ခရီးသွားလာခွင့် ပိတ်ပင်မှုမှ ဖယ်ရှားပေးရန် ထရမ့်ကို အီရတ်ဝန်ကြီးချုပ်တောင်းဆို

ဖေဖေါ်ဝါရီ ၁၀ ။        ။ အီရတ်ဝန်ကြီးချုပ် ဟိုင်းဒါအယ်လ်အက်ဘာဒီသည် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် ဖုန်းဆက်သွယ်ပြောဆို မှုတွင် သူ၏နိုင်ငံအား ခရီးသွားလာခွင့် ပိတ်ပင်မှုခံရသော   နိုင်ငံစာရင်းမှ ဖယ်ရှားပေးရန် တောင်းဆိုခဲ့သည်ဟု သောကြာနေ့တွင် ထုတ်ပြန်ခဲ့သော ကြေညာချက်အရ သိရသည်။

အီရတ်နိုင်ငံသည် ပြီးခဲေ့သာ ဇန်နဝါရီ၂၇ရက်နေ့က လက်မှတ်ရေးထိုး အတည်ပြုခဲ့သည့်အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်၏ အထူးအမိန့်ဖြစ်သော မူစလင်အများစု နေထိုင်ရာ နိုင်ငံ ၇ နိုင်ငံမှ နိုင်ငံသားများအား အမေရိကန် နိုင်ငံထဲသို့ ဝင်ရောက်ခွင့် ပိတ်ပင်ခြင်းအမိန့်တွင် အကျုံးဝင်သော နိုင်ငံတစ်ခုဖြစ်သည်။

အဆိုပါပိတ်ပင်မှု အမိန့်အားပြီးခဲ့သော အပတ်တွင်အမေရိကန်တရားရုံးမှ ဆိုင်းငံ့ထားခဲ့ပြီး ဖက်ဒရယ် အယူခံတရား ရုံးမှပြီးခဲ့သော ကြာသာပတေးနေ့၌ ယင်းပိတ်ပင်မိန့်ကို နိုင်ငံမှာလက်တလော ကျင့်သုံးလို့ မရသေးကြောင်းပြောခဲ့ပြီး ထရမ့်၏အမိန့်အား ငြင်းဆန်ပယ်ချခဲ့သည်။

“ဝန်ကြီးချုပ်ဟာ အီရတ်နိုင်ငံသားများအနေဖြင့် အမေရိကန်နိုင်ငံသို့ ခရီးသွားလာခွင့်အပေါ် ပိတ်ပင်သည့် ဆုံးဖြတ်ချက်အား ပြန်လည်သုံးသပ်သွားရန် အရေးကြီးကြောင်း အလေးပေးပြောဆိုခဲ့ပါသည်” ဟု အက်ဘာဒီ၏ရုံးမှ ထရမ့်နှင့်ဖုန်းပြောပြီးနောက်တွင် ထုတ်ပြန်ခဲ့သော ကြေညာချက်ထဲ၌ ထည့်သွင်းပြောကြားခဲ့သည်။

အက်ဘာဒီသည် ထရမ့်အား အထူးအမိန့်အတွင်း ဖော်ပြခံထားရသော နိုင်ငံများစာရင်းထဲမှ အီရတ်နိုင်ငံအားဖယ် ရှားပေးရန် တောင်းဆိုခဲ့သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ကြေညာချက်အရ “မစ္စတာထရမ့်သည် အဆိုပါကိစ္စနှင့် ပက်သက်၍ ဖြေရှင်းချက်များကို မြန်နိုင်သမျှ မြန်မြန်ရှာဖွေရန် ညှိုနှိုင်းဆောင်ရွက်သွားဖို့ အရေးကြီးကြောင်း အလေးပေးပြောကြားခဲ့ပြီး သူဟာ အမေရိကန်နိုင်ငံခြားရေးဝန် ကြီးဌာနအား အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ ညွှန်ကြားသွားမည်” ဟု ပြောခဲ့ကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly