ခရီးသွားပိတ်ပင်မိန့် အာဏာတည်ရေး လုပ်ဆောင်လာတဲ့ ထရမ့်ရဲ့ ကြိုးပမ်းချက် အယူခံတရားရုံးမှာ ပယ်ချခံရ

ခရီးသွားပိတ်ပင်မိန့် အာဏာတည်ရေး လုပ်ဆောင်လာတဲ့ ထရမ့်ရဲ့ ကြိုးပမ်းချက် အယူခံတရားရုံးမှာ ပယ်ချခံရ

ဖေဖော်ဝါရီ ၁၀ ။            ။ ဒုက္ခသည်တွေနဲ့ မွတ်ဆလင်ခုနစ်နိုင်ငံက နိုင်ငံသားတွေကို ပိတ်ပင်ထားတဲ့ အထူးအမိန့်တစ်ရပ် ထုတ်ပြန်ထားတဲ့အတိုင်း အသက်ဝင်ကျင့်သုံးနိုင်ဖု့ိ သမ္မတ ဒေါ်နယ်ထရမ့်က ထပ်ဆင့်ကြိုးပမ်းခဲ့ပြန်ပါတယ်။ ဒါပေမယ့်လည်း ယင်းပိတ်ပင်မိန့်ကို နိုင်ငံမှာ လက်တလောကျင့်သုံးလို့ မရသေးဘူးဆိုပြီး ယခုအခါမှာ အမေရိကန် အယူခံတရားရုံးကပါ ထရမ့်ရဲ့ အမိန့်ကို ငြင်းဆိုပယ်ချလိုက်ပြန်ပါတယ်။

ဒေါ်နယ်ထရမ့်ဟာ ယင်းပိတ်ပင်မိန့်ကို ဇန်နဝါရီ ၂၇ ရက်က ကြိုတင်အသိမပေးဘဲ အားချင်းထုတ်ပြန်ခဲ့တာဖြစ်ပြီးတော့ ယင်းကို ယာယီဆိုင်းငံ့ဖို့ တရားရုံးတစ်ခုက ညွှန်ကြားထားသလို ယခုအခါ ဆန်ဖရန်စစ္စကိုက ဖယ်ဒရယ် အယူခံတရားရုံးကပါ ယင်းကို အသက်ဝင်အာဏာတည်စေဖို့ ငြင်းဆန်သွားခဲ့တာဖြစ်ပါတယ်။

ယခု အယူခံတရားရုံးရဲ့ ဆုံးဖြတ်ချက် ထွက်လာပြီးပြီးချင်းမှာပဲ မိမိအနေနဲ့ လက်မလျှော့ဘဲ ဆက်လက်တိုက်ပွဲဝင်သွားဦးမယ်လို့ သမ္မတ ထရမ့်က အားချင်း ထုတ်ပြောခဲ့ပါတယ်။ " တရားရုံးမှာ ထပ်တွေ့ကြတာပေါ့၊ ကျုပ်တို့ နိုင်ငံရဲ့လုံခြုံရေးကတော့ မရေမရာ ဖြစ်နေပါပြီ" လို့ တွစ်တာမှာ ထရမ့်က ရေးသားသွားပါတယ်။

အယူခံတရားရုံးအနေနဲ့ သမ္မတရဲ့ အမိန့်ကို အာဏာတည်ကျင့်သုံးနိုင်ရေး ထောက်ခံဆုံးဖြတ်ပေးဖို့ အမေရိကန် တရားရေးဝန်ကြီးဌာနက တောင်းဆိုညွှန်ကြားခဲ့ပေမယ့် တရားသူကြီး သုံးဦးပါ ဘုတ်အဖွဲ့က ယင်းကို ယခင်အတိုင်း ဆိုင်းငံ့ထားဖို့  ဆုံးဖြတ်ပေးခဲ့တာဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly