ကိုပါဒယ်ရေးဗိုလ်လုပွဲ လွဲချော်ရမည့် ဆွာရက်ဇ်တွက် ဘာစီလိုနာအသင်း အယူခံဝင်မည်

ကိုပါဒယ်ရေးဗိုလ်လုပွဲ လွဲချော်ရမည့် ဆွာရက်ဇ်တွက် ဘာစီလိုနာအသင်း အယူခံဝင်မည်

ဖေဖော်ဝါရီ ၁၀၊ စပိန် ။             ။ ကိုပါဒယ်ရေးဗိုလ်လုပွဲစဉ်ကို လွဲချော်ရမည့် ဆွာရက်ဇ်အတွက် အယူခံဝင်သွားမည်ဖြစ်ကြောင်း ဘာစီလိုနာအသင်းက ကြေညာလိုက်သည်။

ဘာစီလိုနာနှင့်အက်သလက်တီကိုအသင်းတို့ ကစားခဲ့သည့် ကိုပါဒယ်ရေးဆီမီးဖိုင်နယ်ဒုတိယအကျော့တွင် ဆွာရက်ဇ်သည် ပြိုင်ဘက်ကစားသမား ကိုကီအား တံတောင်ဖြင့် တိုက်ခဲ့သည့်အတွက်  ၂ ဝါ ၁ နီဖြင့် ထုတ်ပယ်ခံခဲ့ရသည်။

ထိုပြစ်ဒယ်အတွက် စပိန်ဘောလုံးအဖွဲ့ချုပ်စည်းကမ်းထိန်းသိမ်းရေးက ဆွာရက်ဇ်ကို ၂ ပွဲပယ်ပြစ်ဒယ်ချမှတ်ခဲ့သည်။ ဘာစီလိုနာအသင်းနေဖြင့် ကနဦး အယူခံဝင်ခဲ့ပြီးဖြစ်သော်လည်း ပယ်ချခံရသည့်အတွက် ဆွာရက်ဇ်မှာ အလာဗက်စ်နှင့်ကစားရမည့် ယခုနှစ်ကိုပါဒယ်ရေးဗိုလ်လုပွဲကို လွဲချော်ရမည်ဖြစ်သည့်အပြင် နောက်နှစ်ရာသီတွင် ယှဉ်ပြိုင်ရမည့် ကိုပါဒယ်ရေးပြိုင်ပွဲ ပထမဆုံးပွဲကိုလည်း လွဲချော်မည်ဖြစ်သည်။

ဆွာရက်ဇ်က ၎င်း၏ပြစ်ဒဏ်မှာ ရယ်ဖွယ်ကောင်းပြီး ဘာစီလိုနာအသင်းအား အယူခံဝင်ပေးရန် တောင်းဆိုထားသည်။

ဘာစီလိုနာအသင်းကလည်း ‘ဆွာရက်ဇ်ရဲ့ ၂ ပွဲပယ်ပြစ်ဒယ်အတွက် ပြိုင်ပွဲကျင်းပရေးရဲ့ အယူခံကော်မတီကို အယူခံဝင်သွားမှာပါ။ ဆွာရက်ဇ်ဟာ ပြိုင်ဘက်ကစားသမားကို ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာမဟုတ်ဘဲ သတိမထားမိဘဲ တိုက်မိခဲ့တာဖြစ်တယ်ဆိုတဲ့ အချက်နဲ့ အယူခံဝင်သွားမှာဖြစ်ပါတယ်’ ဟု ထုတ်ပြန်ကြေညာခဲ့သည်။

ရည်ညွှန်း အီးအက်စ်ပီအန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags