မန်ချက်စတာယူနိုက်တက်အတွက် ကစားပေးရသည်မှာ ဖိအားရှိဟု အီဘရာဟီမိုဗစ်ဝန်ခံ

မန်ချက်စတာယူနိုက်တက်အတွက် ကစားပေးရသည်မှာ ဖိအားရှိဟု အီဘရာဟီမိုဗစ်ဝန်ခံ

ဖေဖော်ဝါရီ ၁၀၊ မန်ချက်စတာ။           ။ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ကစားပေးရသည်မှာ ဖိအားရှိသည်ဟု ဇလာတန် အီဘရာဟီမိုဗစ်က ဝန်ခံလိုက်သည်။

ဆွီဒင်တိုက်စစ်မှူးသည် ဘောလုံးရာသီကောင်းတစ်ခုကိုဖြတ်သန်းနေပြီး ဟိုဆေးမော်ရင်ဟို၏အသင်းအတွက် ဂိုး ၂၀ သွင်းယူ ထားသည်။

ကစားသမားဘဝတစ်လျှောက် ဘာစီလိုနာ၊ ဂျူဗင်တပ်နှင့် ပီအက်စ်ဂျီအသင်းများတွင်ကစားခဲ့သည့် အီဘရာဟီမိုဗစ်အတွက် အိုးထရက်ဖို့ဒ်မှာ မယုံကြည်နိုင်စရာနောက်ဆုံးခရီးစဉ်တစ်ခုဖြစ်သည်။

သို့သော်၎င်းက ကျော်ကြားသည့်အနီရောင်ရှပ်အင်္ကျီဝတ်ဆင်ရခြင်းမှာ တခြားနှင့်မတူဘဲ ဖိအားများကြောင်း မန်ချက်စတာညနေခင်းသတင်းစာသို့ ပြောသည်။

“မန်ချက်စတာယူနိုက်တက်လို သမိုင်းကြောင်းကောင်းတဲ့၊ အစဉ်အလာကောင်းတဲ့ ထိပ်တန်းအသင်းတစ်သင်းကို ကိုယ်စားပြုရ တဲ့အခါ ဖိအားခံစားရမှာပါပဲ။

အသင်းရဲ့အစဉ်လာ၊ သမိုင်းကြောင်းကို ဆက်ထိန်းသိမ်းရမယ်။ ယူနိုက်တက်လိုထိပ်တန်းအသင်းတစ်သင်းမှာ ဖိအားကတော့ ၂၄ နာရီအပြည့်ပဲ”ဟု အီဘရာဟီမိုဗစ်က ပြောသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly