ချယ်လ်ဆီးတွင် ဒီယေဂိုကော်စတာ ကာလရှည်ဆက်ရှိနေမည်ဟု ကွန်တီယုံကြည်

ချယ်လ်ဆီးတွင် ဒီယေဂိုကော်စတာ ကာလရှည်ဆက်ရှိနေမည်ဟု ကွန်တီယုံကြည်

ဖေဖော်ဝါရီ ၁၀၊ လန်ဒန်။         ။ တိုက်စစ်မှူးဒီယေဂိုကော်စတာအနေဖြင့် ချယ်လ်ဆီးအသင်းတွင် ကာလရှည်ဆက်ရှိနေလိမ့်မည်ဟု နည်းပြအန်တိုနီယိုကွန်တီက ယုံကြည်နေသည်။

စပိန်လူမျိုးတိုက်စစ်မှူးသည် လေ့ကျင့်ရေးကွင်းတွင် ကွန်တီနှင့်ပြဿနာဖြစ်ခဲ့ပြီးနောက် စတမ်းဖို့ဒ်ဘရစ်ချ်မှထွက်ခွာဖွယ်ရှိသည့် သတင်းများထွက်နေသူဖြစ်သည်။

ကွင်းထဲသို့ပြန်လာခွင့်မရမီ ပြီးခဲ့သည့်လက လက်စတာနှင့်ပွဲတွင် ချယ်လ်ဆီးအသင်းလူစာရင်းမှချန်လှပ်ခံခဲ့ရသည်။ ပြီးခဲ့သည့် တစ်ပတ်တွင်မူ ကွန်တီက ကော်စတာနှင့် ကတောက်ကဆဖြစ်ခဲ့မိသည်ဟု ထုတ်ဖော်ခဲ့ပြီး နှစ်ဦးကြားပြန်အဆင်ပြေသွားပြီဟု အခိုင်အမာပြောဆိုခဲ့သည်။

ယခုတစ်ပတ်တွင်မူ နည်းပြကွန်တီက တိုက်စစ်မှူးကော်စတာအနေဖြင့် အသင်းတွင်ကာလရှည်ဆက်ရှိနေမည်ဟု ခန့်မှန်းပြော ဆိုလိုက်သည်။

“ဒီယေဂိုက တကယ့်ကိုအရေးကြီးတဲ့ ကစားသမားတစ်ယောက်ပါ။ အဲဒါကလည်း သိပ်ကိုရှင်းလင်းပါတယ်။ အသင်းမှာ ကစားရတာကို သူသိပ်ပျော်နေပါတယ်။ ဖလားအတွက်တိုက်ပွဲဝင်ရတာကိုလည်း   ပျော်နေပါတယ်”ဟု ကွန်တီကဆိုခဲ့ပြီး အသင်းတွင်ကော်စတာဆက်ရှိနေမည်လားဆိုသည့်မေးခွန်းကိုလည်း “ကျွန်တော်အဲဒီလိုပဲထင်ပါတယ်”ဟုပြောသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly