နယူးဇီလန်ကမ်းခြေမှာ ဝေလငါး ကောင်ရေ ၄၀၀ ကျော် သောင်တင်၊ ၁၀၀ ကျော် သေဆုံး

နယူးဇီလန်ကမ်းခြေမှာ ဝေလငါး ကောင်ရေ ၄၀၀ ကျော် သောင်တင်၊ ၁၀၀ ကျော် သေဆုံး

ဝယ်လင်တန်၊ ဖေဖော်ဝါရီ ၁၀ ။               ။ နယူးဇီလန်နိုင်ငံက ကမ်းခြေတစ်ခုမှာ ဖေဖော်ဝါရီ ၁၀ ရက်က ဝေလငါးကောင်ရေ ၄၀၀ ကျော် သောင်တင်ပြီး တစ်ရာကျော်ထက်မနည်း သေဆုံးနေပါတယ်။

အသက်ရှင်ဆဲ ကျန်ဝေလငါးတွေကို စေတနာဝန်ထမ်းတွေက ပြန်လည်ရေမျောပေးနိုင်ရေး လုပ်ဆောင်နေကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနက ပြောပါတယ်။

နယူးဇီလန်နိုင်ငံမှာ ခုလိုဝေလငါးတွေ သောင်တင်တာက ဖြစ်မြဲဖြစ်ပေမယ့် ခုတစ်ခေါက် သောင်တင်တာက အများဆုံးတစ်ခုဖြစ်တယ်လို့ ဝန်ကြီးဌာနမှ ဒေသတွင်း မန်နေဂျာ အင်ဒရူးလာမာဆန်က ပြောပါတယ်။

ဖေဖော်ဝါရီ ၉ ရက်ညပိုင်းက တောင်ပိုင်းကျွန်း ဂိုးဒင်းဘေးပင်လယ်အော်အရပ်မှာ ဝေလငါးကောင်ရေ ၄၁၆ ကောင် ကမ်းခြေကို ရောက်ရှိသောင်တင်တာဖြစ်ပါတယ်။

သေဆုံးတဲ့ ဝေလငါးတွေရဲ့ ၇၀ ရာခိုင်နှုန်းက ပုပ်သလောက်ရှိနေပြီး အသက်ရှင်တဲ့ ဝေလငါးတွေကို လှိုင်းနဲ့အတူ ကမ်းခြေက အဝေး ပြန်ရောက်ဖို့ လုပ်ဆောင်နေဆဲဖြစ်ပေမယ့် အခြေအနေ သိပ်မဟန်ကြောင်း လာမာဆန်က ဆိုပါတယ်။

“သေတဲ့ကောင်ရေ များတာကြောင့် ကျန်ဝေလငါးတွေအတွက်လည်း သိပ်တော့ အလားအလာမကောင်းဘူး။”ဟု ၎င်းက ရေဒီယိုနယူးဇီလန်သို့ ပြောပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly