ပြင်သစ်နျူကလီးယား စက်ရုံတွင် ပေါက်ကွဲမှုဖြစ်၊ ရေဒီယိုသတ္တိကြွမှု ဘေးအန္တရာယ် မရှိဟုဆို

ပြင်သစ်နျူကလီးယား စက်ရုံတွင် ပေါက်ကွဲမှုဖြစ်၊ ရေဒီယိုသတ္တိကြွမှု ဘေးအန္တရာယ် မရှိဟုဆို

ပါရီ၊ ဖေဖော်ဝါရီ ၉ ။            ။ ပြင်သစ်အနောက်မြောက်ပိုင်းက နျူကလီးယားဓာတ်အားပေးစက်ရုံတစ်ခုမှာ ပေါက်ကွဲမှုဖြစ်ပြီး ထိခိုက်ဒဏ်ရာရမှုရှိပေမယ့် အာဏာပိုင်တွေက     ရေဒီယိုသတ္တိကြွမှု ဘေးအန္တရာယ်မရှိကြောင်း ပြောပါတယ်။

ချာဘော့ဆိပ်ကမ်းက အနောက်ဖက် ၁၅ မိုင်အကွာက ဖလမ်မာဗေးစက်ရုံကအင်ဂျင်ခန်းမှာ ပေါက်ကွဲမှုဖြစ်ပွားတာဖြစ်ပါတယ်။

“ဒါက နျူကလီးယား မတော်တဆမှု ဖြစ်ပွားမဟုတ်ပါဘူး။”ဟု ဌာနေတာဝန်ရှိသူတစ်ဦးက အေအက်ဖ်ပီကို ပြောပါတယ်။

၁၉၈၀ ခုနှစ်တွေက စတင်လည်ပတ်တဲ့ ထိုစက်ရုံထဲက နျူကလီးယားဇုန်ရဲ့ အပြင်ဖက်က လေဝင်လေထွက်စနစ်မှာ ပေါက်ကွဲမှုဖြစ်ပွားတာဖြစ်ကြောင်း ၎င်းက ဆိုပါတယ်။

ပေါက်ကွဲမှုကနေ မီးခိုးများကြောင့် လူငါးဦး မီးခိုးမွှန်မှု ဖြစ်တာကလွဲလို့ ကြီးကြီးမားမားထိခိုက်ဒဏ်ရာရတာ မရှိကြောင်းလည်း ပြောပါတယ်။

ဂရင်းနစ်စံတော်ချိန် ၁၁ နာရီခန့်က ပေါက်ကွဲမှုဖြစ်ပြီး စက်ရုံက ရေဖိအားသုံးဓာတ်ပေါင်းဖိုနှစ်လုံးအနက် တစ်လုံးပိတ်သွားခဲ့ကြောင်း အာဏာပိုင်များက ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly