မင်္ဂလာစျေး အသစ်တည်ဆောက်ရေး တိုင်းဝန်ကြီးချုပ်နှင့် မြို့တော်ဝန်ကို စျေးကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေးလို

မင်္ဂလာစျေး အသစ်တည်ဆောက်ရေး တိုင်းဝန်ကြီးချုပ်နှင့် မြို့တော်ဝန်ကို စျေးကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေးလို

ဖေဖော်ဝါရီ ၉ ။             ။ ရန်ကုန်မြို့မင်္ဂလာဈေး မီးလောင်အပြီး ၁၃ လ ကြာမြင့်သည်အထိ မည်သည့်အချိန်တွင် မည်သည့်ပုံစံဖြင့် ပြန်လည်ဆောက်လုပ်မည်ကို မသိရှိသေးသောကြောင့် မြို့တော်ဝန်ကသော်လည်းကောင်း တိုင်းဒေသကြီးဝန်ကြီးချုပ်ကသော်လည်းကောင်း ဈေးကိုယ်စားလှယ်အဖွဲ့ကို အမြန်ဆုံးခေါ်ယူ တွေ့ဆုံပြီး ရှင်းလင်းပြောကြားပေးရန် ဈေးသူဈေးသားများက ယနေ့တောင်းဆိုလိုက်သည်။

ဗဟန်းမြို့နယ်၊ ကြားတောရလမ်းရှိ မင်္ဂလာဈေးဓမ္မာရုံတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး တောင်းဆို လိုက်ခြင်းဖြစ်သည်။

“ ဒီလ ၉ ရက်နေ့ဆို တစ်နှစ်တစ်လပေါ့။ ကျွန်တော်တို့ တစ်နှစ်တိတိမှာလည်း ဆန္ဒပြခဲ့ပြီးသွားပြီ။ အမြဲတမ်းတော့ ကျန်တဲ့လူကြီးတွေနဲ့ တိုင်ပင်ပြီးတော့ အထက်အဖွဲ့အစည်းသိအောင် လုပ်ဆောင်သွားမယ်” ဟု ဆိုင်ခန်းပိုင်ရှုင် ဦးလှဝင်းကပြောသည် ။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကို မဇ္ဈိမက ဖုန်းဆက်မေးမြန်းရာတွင် ဈေးပြန်လည်တည်ဆောက်ရန်အတွက် ဒီဇိုင်းကုမ္မဏီ ၁၀ ခု ကျော်ကို တင်ဒါခေါ်ထားကြောင်း ပြန်လည်ဖြေကြားခဲ့သည် ။

ရန်ကုန်မြို့ရှိ မင်္ဂလာဈေးသည် ၂၀၁၀ တွင် မီးလောင်မှုတစ်ကြိမ်ဖြစ်ပွားခဲ့ပြီး  ၅နှစ်အကြာ၊ ၂၀၁၆ခုနှစ်တွင် ဒုတိယအကြိမ်မီးလောင်မှုဖြစ်ပွားခဲ့ပြီး ယင်းမီးလောင်မှုတွင် ကျပ်သိန်းပေါင်း ၃သိန်း ၆သောင်းကျော် ဆုံးရှုံးခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly