အိန္ဒိယတွင် အမျိုးသမီးတစ်ဦး၏ ဦးခေါင်းခွံထဲမှ ပိုးဟပ်အရှင်တစ်ကောင်အား ဆရာဝန်မှ ဆွဲထုတ်နိုင်ခဲ့

အိန္ဒိယတွင် အမျိုးသမီးတစ်ဦး၏ ဦးခေါင်းခွံထဲမှ ပိုးဟပ်အရှင်တစ်ကောင်အား ဆရာဝန်မှ ဆွဲထုတ်နိုင်ခဲ့

အိန္ဒိယနိုင်ငံရှိ အသက်၄၂နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် သူမအိပ်ယာထသောအချိန်၌ သူမ၏မျက်လုံး အနောက်ဘက်မှ တစ်စုံတစ်ရာက တွားသွားနေသောကြောင့် နာကျင်မှုဝေဒနာကို ခံစားခဲ့ရပြီး   ဒေသတွင်းရှိ ဆေးခန်းတစ်ခုသို့ အလျင်အမြန်သွားခဲ့သည်။

သို့သော်လည်းနာကျင်မှုသည်သက်သက်သာသာလျော့ကျမသွားဘဲ ကျွမ်းကျင်ပညာရှင်များကသူမ၏နှာခေါင်း လမ်းကြောင်းမှတစ်ဆင့်မှန်ပြောင်းထည့်သွင်းကာ ရှာဖွေခဲ့ချိန်တွင် ဆိုးရွားသော အဖြစ်မှန်တစ်ခုကို သူမ သိခဲ့ရ သည်။

“ကျနော်အထဲမှာသေးငယ်တဲ့ခြေချောင်းလေးအချို့လှုပ်ရှားနေတာကိုတွေ့ခဲ့ရပါတယ်” ဟု ချန်နိုင်းရှိ စတန်လေ ဆေးကောလိပ်မှ နား၊နှာခေါင်း၊လည်ချောင်းကျွမ်းကျင်ပညာရှင်ဖြစ်သူ အမ်အန်ရှန်ကာ ကပြောခဲ့သည်။

“ဒါကြောင့်ကျနော်အထဲကိုဆက်တိုးပြီးကြည့်လိုက်ပါတယ်။ပြီးတော့နှာခေါင်းထိပ်ဖျားမှအထဲသို့ငါးစင်တာမီတာ လောက်အကွာမှာ ကျနော်ပုံမှန်မဟုတ်တဲ့အရာတစ်ခုကို တွေ့ခဲ့ရပါတယ်” ။

“အဲ့ဒီ့အချိန်မှာကျနော်သိလိုက်တာက ကျနော်တွေ့နေရတဲ့အရာဟာ ပိုးဟပ်တစ်ကောင်ရဲ့အောက်ပိုင်းဖြစ်နေ တယ်ဆိုတာပါပဲ” ဟုသူကပြောခဲ့သည်။

ကျူးကျော်ဝင်ရောက်လာသောထိုသတ္တဝါသည် သူမ၏နှာခေါင်းအတွင်းရှိလှိုဏ်ခေါင်းနက်နက်နေရာမှာဝပ်နေခဲ့ ပြီး ဦးခေါင်းခွံ၏အောက်ခြေအနားထိရောက်နေခဲ့ကာ ၁၂နာရီခန့်ကြာအောင် အသက်ရှင်လျက် ရှိနေခဲ့သည်ဟု ရှန်ကာက ဖြည့်စွက်ပြောကြားခဲ့သည်။

ဖုန်စုပ်စက်နှင့်ဆင်တူသော ကရိယာတစ်ခုကိုအသုံးပြု၍ ရှန်ကာသည် သူမ၏ဦးခေါင်းခွံအတွင်းမှပိုးဟပ်အား ပကတိအတိုင်းခြေရာလက်ရာမပျက်ဆွဲထုတ်နိုင်ခဲ့ကာ ထိုပိုးဟပ်သည်အသက်ရှိနေဆဲဖြစ်ပြီး လှုပ်ရှားနေခဲ့ ကြောင်းသိရသည်။

ဒါဟာရှန်ကာ၏ ဆယ်စုနှစ်သုံးစုကြာ ရှိပြီဖြစ်သော သူ၏ဆေးပညာသက်တမ်း အတွေ့အကြုံအတွင်း၌ ပထမဦး ဆုံး ကြုံတွေ့ခဲ့ရသော အတွေ့အကြုံတစ်ခုဖြစ်သည်။

၄၅မိနစ်ခန့် ကြာခဲ့သော ပိုးဟပ်ဆွဲထုတ်သည့် လုပ်ငန်းစဉ်ပြီးနောက်တွင် အဆိုပါ အမျိုးသမီးသည် လုံးဝပကတိ အကောင်းအနေအထားအတိုင်း ရှိနေခဲ့ကြောင်း ရှန်ကာကပြောခဲ့ပြီး သူမဟာနှာခေါင်းထဲသို့ပိုးဟပ်ဝင်ခဲ့သည့် အဖြစ်အပျက်အတွက်တော့ ရှက်ရွံနေခဲ့သည်ဟု ဆက်ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly