ဆီးရီးယားရှိ အယ်လ်ကေးဒါးဝါရင့်ခေါင်းဆောင်တစ်ဦးကို သတ်ဖြတ်နိုင်ခဲ့သည်ဟု အမေရိကန်ပြောကြား

ဆီးရီးယားရှိ အယ်လ်ကေးဒါးဝါရင့်ခေါင်းဆောင်တစ်ဦးကို သတ်ဖြတ်နိုင်ခဲ့သည်ဟု အမေရိကန်ပြောကြား

ဖေဖေါ်ဝါရီ ၉ ။              ။ ပြီးခဲ့သော ဗုဒ္ဓဟူးနေ့တွင် အမေရိကန်စစ်တပ်မှ ၎င်းတို့သည် ဆီးရီးယားနိုင်ငံအတွင်း၌ ရုတ်တရက်ဗုံးကြဲတိုက် ခိုက်မှုများပြုလုပ်ခဲ့ပြီး ဝါရင့်ခေါင်းဆောင်နှင့်အသေခံဗုံးခွဲခြင်းတို့ကို တီထွင်ခဲ့သူဖြစ်သော အယ်လ်ကေးဒါး ခေါင်းဆောင်တစ်ဦး အပါအဝင်စုစုပေါင်း အယ်လ်ကေးဒါး ၁၁ ဦးအား သတ်ဖြတ်နိုင်ခဲ့သည်ဟု ပြောခဲ့သည်။

ပင်တဂွန် စစ်ဌာနချုပ်မှ ၎င်းတို့သည် အိုက်ဒလပ်ဗ်မြို့အနီး၌ ဖေဖေါ်ဝါရီ ၃ ရက်နှင့် ၄ရက်အတွင်း တိကျသော လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး အယ်လ်ကေးဒါး ဝါရင့်ခေါင်းဆောင်ဖြစ်သူ အဘူဟာနီအယ်လ်မတ်စ်ရီ သည် ထိုတိုက်ခိုက်မှုတွင် သေဆုံးခဲ့ကြောင်းပြောခဲ့သည်။

အယ်မတ်စ်ရီသည်အယ်လ်ကေးဒါးအဖွဲ့၏အစောဆုံးအရာရှိတစ်ဦးဖြစ်ခဲ့ပြီး အဖွဲ့တည်ထောင်သူအိုစမာဘင်လာ ဒင်နှင့်လက်ရှိခေါင်းဆောင် အေမန်အယ်လ်ဇာဝါဟီရီတို့နှင့်အတူအလုပ်လုပ်ခဲ့ဖူးပြီး ၁၉၈၀နှင့်၁၉၉၀ပြည့်နှစ်များ ကအာဖဂန်နစ္စတန်ရှိ အယ်လ်ကေးဒါးအဖွဲ့၏သင်တန်းပေးရာစခန်းများတွင် ကြီးကြပ်ကွပ်ကဲခဲ့ဖူးကြောင်းသိရ သည်။

ထို့နောက်တွင်သူသည် တပ်သားစုဆောင်းခြင်း၊အယူဝါဒသွတ်သွင်းခြင်း၊သင်တန်းပေးခြင်းအပြင် ဒေသတွင်းနှင့် ကမ္ဘာတစ်ဝန်းရှိထောင်နှင့်ချီသောအကြမ်းဖက်သမားများအား လက်နက်တပ်ဆင်ပေးခြင်းတို့ကိုဆောင်ရွက်ခဲ့ ကြောင်း ပင်တဂွန်မှကြေညာချက်ထုတ်ပြန်ခဲ့သည်။

အမေရိကန်တို့သည် များသောအားဖြင့်ဆီးရီးယားနိုင်ငံအတွင်းရှိ အိုင်အက်စ်တို့အားလေကြောင်းမှဗုံးကြဲတိုက် ခိုက်မှုများပြုလုပ်လေ့ရှိသော်လည်း မကြာသေးသောလများအတွင်း၌ အိုင်အက်စ်တို့၏ပြိုင်ဘက်ဖြစ်သူ အယ်လ်ကေးဒါးအဖွဲ့တို့ကိုလည်း ပစ်မှတ်ထားတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags