ယီမင်က မဟာဗျူဟာဆိပ်ကမ်းအတွက် ဟူသီသူပုန်နှင့် အစိုးရတပ် တိုက်ပွဲများအတွင်း ၃၂ ဦးသေဆုံး

ယီမင်က မဟာဗျူဟာဆိပ်ကမ်းအတွက် ဟူသီသူပုန်နှင့် အစိုးရတပ် တိုက်ပွဲများအတွင်း ၃၂ ဦးသေဆုံး

မိုခါ၊ ဖေဖော်ဝါရီ ၉ ။              ။ ယီမင်နိုင်ငံမှာ အစိုးရတပ်တွေရဲ့ မဟာဗျူဟာအရေးပါတဲ့ ဆိပ်ကမ်းမြို့တစ်မြို့ကို သိမ်းပိုက်ရေး ရှီးယိုက်ဟူသီသူပုန်တွေနဲ့ တိုက်ပွဲမှာ နှစ်ဖက်တိုက်ခိုက်ရေးသမား ၃၂ ဦး ကျဆုံးတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

သမ္မတ မန်ဆောဟာဒီကို သစ္စာခံတဲ့ တပ်တွေက မိုခါမြို့အနီးဝန်းကျင်ကို တိုက်စစ်ဆင်နေ၍ ဟူသီသူပုန်တွေက မြို့မြောက်ဖက်နဲ့ အနောက်ဖက်ကို တပ်ဆုတ်သွားရပြီး တိုက်ပွဲအတွင်းမှာ ၃၂ ဦး ကျဆုံးတာဖြစ်ကြောင်း စစ်သတင်းရင်းမြစ်က ပြောပါတယ်။

သမ္မတသစ္စာခံတပ်တွေကို ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းတပ်တွေက စစ်ကူပြုပေးထားပါတယ်။ တပ်တွေအနေနဲ့ ဇန်နဝါရီနှောင်းပိုင်းကစပြီး ပင်လယ်နီကမ်းခြေကနေ သူပုန်တွေကို တိုက်ထုတ်သွားဖို့အတွက် မဟာဗျူဟာကျတဲ့ မိုခါမြို့ကို တိုက်ပွဲဆင်နေတာလည်းဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၈ ရက်က ဖြစ်ပွားတဲ့ အခုတိုက်ပွဲမှာဆိုရင် သူပုန်တိုက်ခိုက်ရေးသမား ၂၄ ဦးသေဆုံးပါတယ်။ သူပုန်ရုပ်အလောင်း ၁၂ လောင်း ဆေးရုံကို ရောက်လာကြောင်း ကျန်းမာရေးတာဝန်ရှိသူတွေက ဆိုပါတယ်။

ကျန်အလောင်း ၁၂ လောင်းကို ထိုးစစ်ဆင်တဲ့ အစိုးရတပ်တွေက တွေ့ရှိပြီး နောက်ပိုင်းမှာ မိုခါမြို့တွင်းမှာ မြုပ်နှံပေးခဲ့ကြောင်း စစ်တပ်တာဝန်ရှိသူက ပြောပါတယ်။

အစိုးရတပ်က စစ်သား ရှစ်ယောက် ကျဆုံးကြောင်း စစ်တပ်နဲ့ ကျန်းမာရေးတာဝန်ရှိသူတွေက ဆိုပါတယ်။

မိုခါမြို့ဟာ ယီမင်နိုင်ငံရဲ့ အဓိကဆိပ်ကမ်းမြို့ဖြစ်ပါတယ်။ အစိုးရတပ်တွေရဲ့ ပင်လယ်နီကမ်းခြေအထိ သိမ်းပိုက်ရေး ထိုးစစ်တွေ စတင်ပြီးနောက်ပိုင်း နှစ်ဖက်တိုက်ခိုက်ရေးသမား ၄၀၀ ကျော် ထက်မနည်း သေဆုံးခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly