မလေးရှားသဘောင်္ မြန်မာရေပိုင်နက်ရောက်ရှိ ၊ ၉ ရက် နေ့လည်တွင် ပစ္စည်းများ လွှဲပြောင်းပေးမည်

မလေးရှားသဘောင်္ မြန်မာရေပိုင်နက်ရောက်ရှိ ၊ ၉ ရက် နေ့လည်တွင် ပစ္စည်းများ လွှဲပြောင်းပေးမည်
ဓာတ်ပုံ- Star Online, Malaysia PM Press Office

ဖေဖော်ဝါရီ ၈ ရက် ။              ။ မလေးရှားနိုင်ငံမှ အကူအညီပေးရန်လာသော သင်္ဘောမှ ဖေဖော်ဝါရီလ ၉ ရက် နေ့လည် ၂ နာရီတွင် မြန်မာနိုင်ငံ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်   ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ အကူအညီပေးရေးပစ္စည်းများ လွှဲအပ်ပေးမည်ဟု သိရသည်။

မလေးရှားနိုင်ငံမှ အကူအညီပေးရန်လာသောသင်္ဘော နော်တီကယ်အလီယာသဘောၤသည် ယမန်နေ့( ဖေဖော်ဝါရီ ၇ ရက်)တွင် မြန်မာ့ရေပိုင်နက်ထဲ ဝင်ရောက်လာပြီး ရေတပ်မှ လာရောက်စစ်ဆေးခဲ့သည်ဟု The Star Online တွင် ယမန်နေ့က ဖော်ပြထားသည်။

မြန်မာရေတပ်မှ အကူညီပေးရေး သဘောၤအနေဖြင့် စောင့်ကြပ်လိုက်ပါလာစဉ်။

“သူတို့ကမြန်မာတွေပဲ။ ငါတို့ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ရမယ်။ သူတို့တခြား သင်္ဘောတွေကိုလည်း ခေါ်ခဲ့တယ်” ဟု ကပ္ပတိန်မော့ဒ်ဖာဒါ့စ်ဖိုင်ဇယ်မိုဟာမက်က ပြောခဲ့သည်။

မြန်မာများက “မင်းရဲ့ရာထူးကဘာလဲ။ မင်းဘယ်နိုင်ငံကလဲ။ မင်းနာမည်ဘယ်လိုခေါ်လဲ” ဟု မေးခဲ့ကြသည်။

မစ္စတာဖာဒါ့စ်က သူ့ရဲ့နာမည်ကို သင်္ကေတကုတ်များဖြင့်ပြန်လည်အကြောင်းပြန်ခဲ့ပြီး ရန်ကုန်ကို ဦးတည်လာတာပါ ဟု ပြောခဲ့သည်။

ကပ္ပတိန်မော့ဒ်ဖာဒါ့စ်ဖိုင်ဇယ်မိုဟာမက် နှင့်အတူ သင်္ဘောသားများနှင့်ခရီးသည် ၁၈၅ဦး လိုက်ပါလာပြီး ရခိုင်ပြည်နယ်အတွက် အကူအညီပေးရန် တန်ချိန် ၂၃၀၀ ရှိသော အစားအသောက် အပါအဝင်  ထောက်ပံ့ရေးအကူအညီများကို သယ်ဆောင်လာခြင်းဖြစ်သည်။ အဆိုပါအကူအညီများ သယ်ဆောင်လာသည့် သင်္ဘောသည် ရန်ကုန်ဆိပ်ကမ်းသို့ ဖေဖေါ်ဝါရီ ၈ ရက်နေ့ညနှင့် ဖေဖေါ်ဝါရီ ၉ ရက်နေ့မနက် အတွင်းမှာ ရောက်ရှိရမည်ဖြစ်သည်။

ယခင်က အကူညီပေးရေးသင်္ဘောမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင်နက် ဆိပ်ကမ်းတွင် လာရောက်ဆိုက်ကပ်မည်ဟု ပြောခဲ့ပြီး မြန်မာအစိုးရနှင့်တွေ့ဆုံညှိနှိုင်းပြီးနောက် ရန်ကုန်ဆိပ်ကမ်းသို့ လာရောက်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly