အမေရိကန် ဒုသမ္မတ၏ အဆုံးအဖြတ်မဲဖြင့် ပညာရေးဝန်ကြီးကို အတည်ပြုခန့်အပ်

အမေရိကန် ဒုသမ္မတ၏ အဆုံးအဖြတ်မဲဖြင့် ပညာရေးဝန်ကြီးကို အတည်ပြုခန့်အပ်

ဖေဖော်ဝါရီ ၈ ။                 ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့၏ ပညာရေးဝန်ကြီးအဖြစ် ယခုအခါ ဘက်စီ ဒီဗို့စ် အား ဆိနိတ်လွှတ်တော်က အတည်ပြုခန့်အပ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ပညာရေး ဝန်ကြီးခန့်အပ်မှုကို လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံ၊ ကန့်ကွက်မဲများ အရေအတွက် မျှနေခဲ့သဖြင့် ဒုသမ္မတ မိုက်ပန့်၏ သမိုင်းဝင် အဆုံးအဖြတ်မဲပေးမှုဖြင့်အတူ ဒီဗို့စ်အား နိုင်ငံ၏ ပညာရေးဝန်ကြီးအဖြစ်  အတည်ပြုနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

အလားတူ ယင်းခန့်အပ်မှုကြောင့် လွှတ်တော်တွင် ဒီမိုကရက်တစ်အုပ်စုအပေါ် သမ္မတ ထရမ့်အစိုးရအဖွဲ့က အသာရလိုက်ခြင်းလည်း ဖြစ်လာခဲ့သည်။

ပညာရေး ဝန်ကြီးအဖြစ် ဒီဗို့စ်အား မဲခွဲဆုံးဖြတ်ခဲ့ကြရာတွင် ၅၀-၅၀ ဖြင့် ညီမျှနေခဲ့ပြီးနောက် ဒုသမ္မတ ပန့်က သမိုင်းဝင်အဆုံးအဖြတ် ထောက်ခဲမဲ ပေးလိုက်ခြင်းကြောင့် အတည်ပြု လိုက်နိုင်ခြင်းလည်း ဖြစ်သည်။ ဒုသမ္မတ ပန့်အနေဖြင့် ယခု ကဲ့သို့ ဝန်ကြီးအဖွဲ့ဝင် ခန့်အပ်မှုအတွက် အဆုံးအဖြတ်မဲပေးခဲ့သည့် ပထမဆုံးသော ဒုသမ္မတ တစ်ဦးလည်း ဖြစ်လာခဲ့သည်။

ယင်းနောက် ဘီလျံနာ ဘက်စီ ဒီဗို့စ်မှာ အမေရိကန် ပညာရေးဝန်ကြီးအဖြစ် တရားဝင် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်ဟုလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly