ရလဒ်ဆိုးနေသော်လည်း နည်းပြရေနီယာရီကို လက်စတာအသင်းထောက်ခံ

ရလဒ်ဆိုးနေသော်လည်း နည်းပြရေနီယာရီကို လက်စတာအသင်းထောက်ခံ

ဖေဖော်ဝါရီ ၈၊ လက်စတာ။           ။ ပရီးမီးယားလိဂ်ချန်ပီယံလက်စတာအသင်းသည် တန်းဆင်းဇုန်နှင့်တစ်မှတ်သာကွာတော့သော်လည်း နည်းပြရေနီယာရီကို ထောက်ခံကြောင်း   ကြေညာချက် ထုတ်လိုက်သည်။

အသင်းအနေဖြင့် ပရီးမီးယားလိဂ်နောက်ဆုံး ၁၅ ပွဲတွင် နှစ်ပွဲသာအနိုင်ရပြီးနောက် အီတလီလူမျိုးနည်းပြမှာ ဖိအားများအောက် သို့ ရောက်နေသည်။

သို့သော် လက်စတာအသင်း၏ထုတ်ပြန်ချက်တွင် “တစ်သင်းလုံးအနေနဲ့ နည်းပြရဲ့နောက်မှာ ညီညွတ်စွာနဲ့ ထောက်ခံနေဆဲပါ”ဟု ရေးထားပြီး ရေနီယာရီကလည်း “ဒါက အကြပ်အတည်းကာလတစ်ခု မဟုတ်ပါဘူး။ နိုင်ပွဲမရတဲ့အခါ ယုံကြည်မှုလျော့လာတတ်တာ ဓမ္မတာပါပဲ”ဟု အသင်း၏ထောက်ခံမှုရအပြီးတွင် ပြောသည်။

လက်စတာအသင်းသည် ဗုဒ္ဓဟူးနေ့တွင် ဒါဘီနှင့် အက်ဖ်အေဖလားစတုတ္ထအဆင့်ပြန်ကန်ပွဲကို အိမ်ကွင်းတွင်ကစားရမည်ဖြစ်ပြီး အသင်းပိုင်ရှင် ဆရီဗက်ဒနာပရက်ဟာသည် ထိုင်းမှလာရောက်ကာ   ရေနီယာရီကိုလည်း လူသိရှင်ကြားထောက်ခံပေးမည် ဖြစ်သည်။

လက်စတာအသင်းသည် ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁၆ နေရာသို့ရောက်နေပြီး ၂၀၁၇ ခုနှစ်တွင် နိုင်ပွဲမရသေးပေ။

Ref; BBC

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags