ကိုလီဘီယာသမ္မတ ဆန်းတို့စ်သည် အကျင့်ပျက်ခြစားမှု၌ ပါ၀င်ပက်သက်နေသည်ဟု အစိုးရရှေ့နေများ စွပ်စွဲ

ကိုလီဘီယာသမ္မတ ဆန်းတို့စ်သည် အကျင့်ပျက်ခြစားမှု၌ ပါ၀င်ပက်သက်နေသည်ဟု အစိုးရရှေ့နေများ စွပ်စွဲ

ဖေဖေါ်ဝါရီ ၈ ။                 ။ ၂၀၁၆ခုနှစ်အတွက်နိုဘယ်လ်ငြိမ်းချမ်းရေးဆုကိုရရှိခဲ့သော ကိုလံဘီယာသမ္မတဂျူအန်မန်နျူရယ်ဆန်းတို့စ် သည် မကောင်းသတင်းဖြင့် ကျော်ဇောသော ဘရာဇီးဆောက်လုပ်ရေး လုပ်ငန်းပိုင်ရှင်ဖြစ်သူ အိုဒေးဘရက်ရှ်၏ လာဘ်ငွေများအား ၎င်း၏ပြန်လည်ရွေးကောက်ခံကာလအတွင်းစည်းရုံးရေးအတွက် လက်ခံခဲ့သည်ဟု ကိုလံ ဘီယာအစိုးရရှေ့နေများက သံသယရှိကြသည်။

အိုဒေးဘရက်ရှ်ကအစိုးရ၏ကန်ထရိုက်များအားလုပ်ပိုင်ခွင့်ရနိုင်ရန်အတွက် လာဘ်ငွေပေးခဲ့ခြင်းအား လွှတ်တော်အမတ်ဟောင်းတစ်ဦးဖြစ်သူကလက်ခံခဲ့ခြင်းကိုစစ်ဆေးမိခဲ့ပြီးနောက်တွင် အစိုးရရှေ့နေများက ယခုစွပ်စွဲချက်အားဆက်လက်စုံစမ်းစစ်ဆေးနေကြောင်းပြောခဲ့သည်။

ဆန်းတို့စ်၏အစိုးရအဖွဲ့သည် ယခုစွပ်စွဲချက်အားပြင်းပြင်းထန်ထန်ပယ်ချခဲ့ကြပြီး ဒါဟာလက်ယာယိမ်းအတိုက် အခံအဖွဲ့များ၏လုပ်ကြံပြောဆိုမှုသာဖြစ်သည်ဟု ပြန်လည်စွပ်စွဲခဲ့သည်။

အိုဒေးဘရှက်ရှ်လာဘ်ငွေပေးခဲ့သည်ဟုစွပ်စွဲခံထားရသော လက်တင်အမေရိကရှိအစိုးရအရာရှိများထဲတွင် ကိုလံဘီယာမှဥပဒေပြဌာန်းသူတစ်ဦးဖြစ်သည့် အော့တိုဘူလာ လည်းပါဝင်သည်။

ကိုလံဘီယာမှရှေ့နေချုပ်ဖြစ်သူ နက်စတာဟမ်ဘာတိုမာတီနက်ဇ်က သတင်းစာရှင်းလင်းပွဲ၌ ဘူလာသည် ကိုလံဘီယာနိုင်ငံထဲသို့ စုစုပေါင်းငွေ၁သန်းလွှဲပို့ရာတွင်ကြီးကြပ်ကွပ်ကဲခဲ့ခြင်းဖြစ်ပြီး အဆိုပါငွေများအား ၂၀၁၄ခုနှစ်တုန်းက သမ္မတရွေးကောက်ပွဲစည်းရုံးရေးအတွက်စီမံခန့်ခွဲရာတွင်သုံးစွဲခဲ့သည်ဟု စွပ်စွဲခံထားရ ကြောင်း ပြောခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly