တရားရုံးစာရေးတစ်ဦး အဂတိလိုက်စားမှုဖြင့် အမှုဖွင့် ဖမ်းဆီးခံရ

တရားရုံးစာရေးတစ်ဦး အဂတိလိုက်စားမှုဖြင့် အမှုဖွင့် ဖမ်းဆီးခံရ

မုံရွာ၊ ဖေဖော်ဝါရီ ၇ ။             ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်တွင် တရားရုံးစာရေးတစ်ဦး အဂတိလိုက်စားမှုဖြင့် အမှုဖွင့်အရေးယူခံထားရကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ကလေးဝမြို့နယ်တရားရုံးမှ အကြီးတန်းစာရေး (ဘိလစ်စာရေး) တစ်ဦးသည် ကျမ်းကျိန်လွှာပြုလုပ်ရန်အတွက် ဟုဆိုကာ ငွေ ၂ သိန်းတောင်းခံခဲ့ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် ယင်းသို့ အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

၎င်းသည် ကျမ်းကျိန်လွှာလုပ်ပိုင်ခွင့်မရှိပဲ အလုပ်တာဝန်ကို အကြောင်းပြု၍ အဂတိလိုက်စားမှုကို ကျူးလွန်ခဲ့ကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (နေပြည်တော်)မှ စစ်ဆေးရေးမှူးမှ တရားလိုပြုလုပ်ကာ အမှုဖွင့်တိုင်တန်းခဲ့ခြင်း ဖြစ်သည်။

ယင်းကြောင့် ကလေးဝမြို့မရဲစခန်း (ပ) ၁၀/ ၂၀၁၇၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၇ အရ အမှုဖွင့်ကာ ဖေဖော်ဝါရီ ၆ ရက်က တရားခံ ဖမ်းဆီးရမိစစ်ဆေးလျှက်ရှိကြောင်း၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly