မန်ယူနှင့် ဆောက်သမ်တန်တို့၏ လိဂ်ဖလားဗိုလ်လုပွဲကို ကွင်းလယ်ဒိုင်အဖြစ် မာရီနာကိုင်တွယ်မည်

မန်ယူနှင့် ဆောက်သမ်တန်တို့၏ လိဂ်ဖလားဗိုလ်လုပွဲကို ကွင်းလယ်ဒိုင်အဖြစ် မာရီနာကိုင်တွယ်မည်

ဖေဖော်ဝါရီ ၇၊ လန်ဒန်။         ။ ဖေဖော်ဝါရီ ၂၆ တွင် မန်ယူနှင့်ဆောက်သမ်တန်တို့ယှဉ်ပြိုင်ကစားမည့် လိဂ်ဖလား EFL Cup ဗိုလ်လုပွဲကို ကွင်းလယ်ဒိုင်အဖြစ် အန်ဒရီမာရီနာကိုင်တွယ်မည်ဖြစ်သည်။

အသက် ၄၆ နှစ်အရွယ် မာရီနာကကွင်းလယ်ဒိုင်အဖြစ် တာဝန်ယူရမည်ဖြစ်ပြီး ရစ်ချတ်ဝက်စ်နှင့် စတူးအက်ဘာ့တ်တို့က လက်ထောက်အဖြစ်လည်းကောင်း၊ ကီဗင်ဖရန့်က စတုတ္ထဒိုင်အဖြစ်လည်းကောင်း တာဝန်ယူရမည်ဖြစ်သည်။

မာရီနာသည် ပရီးမီးယားလိဂ်ဒိုင်အဖြစ် ၂၀၀၄ ခုနှစ်ကတည်းကလုပ်ကိုင်ခဲ့ပြီး ၂၀၀၉ တွင် ဖီဖာဒိုင်လူကြီးတစ်ဦးဖြစ်လာခဲ့သည်။

ဝီဂန်က မန်စီးတီးအသင်းကို အနိုင်ရခဲ့သည့် ၂၀၁၃ အက်ဖ်အေဖလားဗိုလ်လုပွဲတွင် တာဝန်ယူခဲ့ဖူးသည်။ ယခုတစ်ပတ်တွင် ဆန်းဒါးလန်းက ခရစ္စတယ်ပဲလေ့စ်ကို ၄-၀ ဂိုးဖြင့်မထင်မှတ်ဘဲ အနိုင်ရသည့်ပွဲကို ကိုင်တွယ်ခဲ့ပြီး အဝါကတ်ခြောက်ကတ် အသုံးပြု ခဲ့သည်။

ယခုနှစ်ရာသီတွင် အနီကတ်သုံးကတ် အသုံးပြုထားရာတွင် ပြည်တွင်းပွဲများ၌ တစ်ကတ်သာအသုံးပြုထားသည်။ မန်ယူ အသင်းသည် ယခုနှစ်တွင် မာရီနာကွင်းလယ်ဒိုင်အဖြစ် တာဝန်ယူသည့် သုံးပွဲ၌ နှစ်ပွဲအနိုင်ရပြီး တစ်ပွဲသရေကျထားသည်။

ဆောက်သမ်တန်အသင်းမှာမူ ယခုနှစ်တွင် မာရီနာ ကွင်းလယ်ဒိုင်အဖြစ်တာဝန်ယူသည့်ပွဲနှင့် ကြုံတွေ့ရခြင်းမရှိသေးပေ။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly