ကွတ်ခိုင်တွင် အမှိုက်ပုံမှ ရှေ့ထွက်မိုင်း (၅) လုံးနှင့် ဆက်စပ်ပစ္စည်းများတွေ့ရှိ

ကွတ်ခိုင်တွင် အမှိုက်ပုံမှ ရှေ့ထွက်မိုင်း (၅) လုံးနှင့် ဆက်စပ်ပစ္စည်းများတွေ့ရှိ
ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ

ဖေဖော်ဝါရီ ၆ ။            ။ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်တွင် အမှိုက်ပုံမှ ရှေ့ထွက်မိုင်း (၅) လုံးနှင့် ဆက်စပ် ပစ္စည်းများကို ဖေဖော်ဝါရီ ၅ ရက် နံနက်ပိုင်းက တွေ့ရှိခဲ့ကာ သက်မဲ့လုပ်၍ သိမ်းဆည်းခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကွတ်ခိုင်မြို့ အရှေ့ဘက် (၃) မိုင်ခန့်အကွာရှိ နမ့်ဟူးလုံကျေးရွာအမှိုက်ပုံ၌ မသင်္ကာဖွယ် စက္ကူပုံးတစ်ခုတွေ့ရှိကြောင်း သတင်းအရ ကွတ်ခိုင်မြို့ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့တို့မှ သွားရောက်ရှင်းလင်းခဲ့ရာ စက္ကူပုံးအတွင်း မှ အလျား (၆) လက်မ၊အနံ(၃)လက်မခန့်ရှိ ရှေ့ထွက်မိုင်း (၅) လုံး၊ ဒီတိုနေတာ (၅) ခု၊ ဆားကတ်အုံ (၅) ခုနှင့် ရီမု (၁) ခု တို့အား တွေ့ရှိသဖြင့် သက်မဲ့ ပြုလုပ်သိမ်းဆည်းခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီမှ ထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၄ ရက် နံနက်ပိုင်းကလည်း မူဆယ်မြို့နယ် လားရှိုး-မူဆယ် ပြည်ထောင်စုကားလမ်း၊ မော်တောင်းကျေးရွာနှင့် တာလုံကျေးရွာကြား နမ့်ဖာတန် ရွာလမ်းခွဲ မိုင်တိုင် (၂၆၉/၅) ၌ စနက်တံ ၂ ချောင်း ဝါယာကြိုး ၄ ချောင်း၊ ဘတ်တ္ထရီပက် ၁ ခုတို့ဖြင့်တွဲလျက် ကော်ဖြင့်ပြုလုပ်ထားသည့် ရှေ့ထွက်မိုင်း (၁ )လုံးနှင့် ၄၀ မမ ဗုံးသီး (၁) လုံးတို့အား သက်မဲ့ပြုလုပ်သိမ်းဆည်းခဲ့ကြောင်း သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly