ရှမ်းအမျိုးသားနေ့ နှစ်ရ၀ ပြည့်အဖြစ် မြို့ဦးကြာကန်သန့်ရှင်းရေးကို သိန္နီတွင် ပြုလုပ်

ရှမ်းအမျိုးသားနေ့ နှစ်ရ၀ ပြည့်အဖြစ် မြို့ဦးကြာကန်သန့်ရှင်းရေးကို သိန္နီတွင် ပြုလုပ်
ဓာတ်ပုံ ယိင်းလောဝ်တိုင်း

ဖေဖော်ဝါရီ ၆ ။          ။ ရှမ်းအမျိုးသားနေ့ နှစ် ၇၀ ပြည့် အထိမ်းအမှတ်၊ မြို့ဦးကြာကန်သန့်ရှင်းရေးကို သိန္နီမြို့နယ် နောင်မိုဟိုဝိန်းထိန်းသိမ်းရေးကော်မတီက ယနေ့( ဖေဖော်ဝါရီလ ၆ ရက်)  မနက် ၈ နာရီက စတင်ပြုလုပ်ခဲ့သည်။

"ဟိုတုန်းက တစ်ဦးတည်းကနေပြီး ကြာကန်ကို တာဝန်ယူပြီး စီးပွားရှာတော့ ကြာလာတော့ ညစ်ပတ်လာတယ်။ နောက်ပိုင်း သံဃာတော်များနဲ့ ပြည်သူများက ဆွေးနွေးတိုင်ပင်ပြီး တာဝန်ယူဖို့ ဆုံးဖြတ်ကြတယ်။ အုပ်ချုပ်ရေးဌာနက မေးပါတယ်။ ဘယ်လိုတာဝန်ယူ ကိုင်တွယ်မလဲတဲ့။ ဒါကြောင့် နောင်မိုဟိုဝိန်းထိန်းသိမ်းရေးကော်မတီကို ဖွဲ့စည်းပြီး ကြာကန်သန့်ရှင်းရေးကို လုပ်ဆောင်ခဲ့ကြပါတယ်" ဟု သန္နီမြို့နယ်၊ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ စိုင်းမြင့်ထွန်းက မဇ္ဈိမသို့ ပြောသည်။

အဆိုပါ ကြာကန်သန့်ရှင်းရေးလှုပ်ရှားမှုတွင် ရှမ်းစာပေနှင့်ယဉ်ကျေးမှု၊ ရှမ်းလူငယ်ကွန်ရက်၊ မောက်ကေးခမ်းအဖွဲ့၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့၊ ပါတီ၊ ပြည်သူလူထု တို့ အယောက် ၁၀၀ ကျော် ပါဝင်ကူညီကြောင်းသိရသည်။

မြို့ဦးကြာကန် အစဉ်သန့်ရှင်းနေရေးအတွက် လာရောက်လည်ပတ် အနားယူသူများ အနေဖြင့် မိမိအမှိုက်စများကို ကြာကန်ထဲသို့ မပစ်ဘဲ သိမ်းဆည်းစေချင်ကြောင်း   နောင်မိုဟိုဝိန်းထိန်းသိမ်းရေးကော်မတီမှ  ပြောသည်။

ဓာတ်ပုံ ယိင်းလောဝ်တိုင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly