တရုတ်သို့ပြောင်းမည်ဟု ဖော်ပြခဲ့သည့် မီဒီယာများကို ချယ်လ်ဆီးတိုက်စစ်မှူးကော်စတာ ပြန်လည်တိုက်ခိုက်

တရုတ်သို့ပြောင်းမည်ဟု ဖော်ပြခဲ့သည့် မီဒီယာများကို ချယ်လ်ဆီးတိုက်စစ်မှူးကော်စတာ ပြန်လည်တိုက်ခိုက်

ဇန်နဝါရီ ၅၊ အင်္ဂလန် ။            ။ ချယ်လ်ဆီးတိုက်စစ်မှူးဒီ ယေဂိုကော်စတာသည် ၎င်းင်းအ နေဖြင့် ပြီးခဲ့သည့် ဇန်နဝါရီအ ပြောင်းအရွှေ့ကာလတွင် တရုတ် သို့ပြောင်းရွှေ့ရန် အလွန်နီးစပ်ခဲ့ သည်ဆိုသည့်သတင်းနှင့် ယခုရာ သီအကုန်တွင် တရုတ်သို့ကျိန်း သေပြောင်းရွှေ့လိမ့်မည်ဟု ဖော် ပြခဲ့သည့် မီဒီယာများကို ပြန် လည်တုံ့ပြန်တိုက်ခိုက်ပြောဆိုခဲ့ သည်။

ပြီးခဲ့သည့် ဇန်နဝါရီအ ပြောင်းအရွှေ့ကာလတစ်လျှောက်လုံး ကော်စတာအနေဖြင့် တ ရုတ်ကလပ်များသို့ ပြောင်းရွှေ့ မည်ဆိုသည့်သတင်းကို မီဒီယာ အများအပြားဖော်ပြခဲ့သည်။

ထို့ အပြင် ကော်စတာ၏အေးဂျင့် ဂျော့မန်ဒက်သည် တရုတ်က လပ်များနှင့် ကော်စတာ၏အ ပြောင်းအရွှေ့အတွက် ညှိနှိုင်းခဲ့ ပြီး ယခုရာသီအကုန်တွင် တစ် နှစ်လျှင်လုပ်ခလစာ ပေါင်(၃၅) သန်းဖြင့် ချယ်လ်ဆီးကိုစွန့်ခွှာ ကာ တရုတ်ကလပ်များသို့ ပြောင်းတော့မည်ဟု စပိန်သတင်း ထောက်ကာရီနိုက ပြောဆိုခဲ့သည်။

မီဒီယာများအနေဖြင့် ယင်းကဲ့သို့ ဖော်ပြနေမှုနှင့်ပတ် သက်ပြီး ကော်စတာက ၎င်းင်း ၏ ကိုယ်ပိုင်တွစ်တာအကောင့် တွင် `ခင်ဗျားတို့ တော်တော် ေ-ာက်ပိုပြောတာပဲ။ အခုအချိန် မှာ ချယ်လ်ဆီးအတွက်ပဲ အာရုံ စိုက်ထားတယ်´ဟု ရေးတင်ခဲ့ သည်။ ချယ်လ်ဆီးနည်းပြကွန်တီ ကလည်း ကော်စတာသည် ယခု အချိန်တွင် ချယ်လ်ဆီးနှင့်အတူ အကောင်းဆုံးတိုက်ပွဲဝင်နေသည်ဟု ဆိုခဲ့သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly