အိုင်အက်စ်ချေမှုန်းရေး ထိုးစစ်သစ် ဆီးရီးယားတပ်များ စတင်ဆင်နွှဲ

အိုင်အက်စ်ချေမှုန်းရေး ထိုးစစ်သစ် ဆီးရီးယားတပ်များ စတင်ဆင်နွှဲ

ရာကာ၊ ဖေဖော်ဝါရီ ၄ ။             ။ ဆီးရီးယားက အိုင်အက်စ်တို့ အမာခံသိမ်းပိုက်ထားတဲ့ ရာကာမြို့ကို အမေရိကန်နောက်ခံပြုတဲ့ ကာ့ဒ်တပ်ဖွဲ့တွေနဲ့ အာရပ်တပ်ဖွဲ့တွေက ထိုးစစ်ကြေညာလိုက်ပါတယ်။

ဒါပေမယ့် အနိုင်တိုက်ရန်အတွက် လက်နက်ခဲယမ်း ပိုမိုလိုအပ်နေကြောင်း အိုင်အက်စ်ချေမှုန်းရေးတပ်တွေက ဆိုပါတယ်။

ရာကာမြို့သိမ်းရေးကို ပြီးခဲ့တဲ့ နိုဝင်ဘာကစပြီး ဆီးရီးုယားဒီမိုကရက်တစ်တပ် SDF က စတင်ဆင်နွှ့ခဲ့တာပါ။ မြို့ဝန်းကျင်ကို သိမ်းပိုက်နိုင်မှု တစ်ချို့ရှိထားပေမယ့် မြို့နဲ့ကတော့ အလှမ်းဝေးနေဆဲပါ။

SDF တပ်တွေရဲ့ တတိယအချီ ထိုးစစ်ဆင်မှု စပြီဖြစ်ပြီး ပြည်နယ်အရှေ့ပိုင်းကို ပစ်မှတ်ထားပြီး ဝိုင်းနေသွားမှာဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ရှိတ်အာမတ်က ဆိုပါတယ်။

မြို့မြောက်ဖက်အရပ်က တပ်စွဲထားရာမှာ အာရပ်တိုက်ခိုက်ရေးသမား ၇၅၀ ခန့် အမေရိကန်ရဲ့ စစ်သင်တန်းပြီးတဲ့နောက်မှာ SDF အဖွဲ့ထံ ဝင်ရောက်လာကြောင်း အာမတ်က ပြောပါတယ်။

ထိုညွန့်ပေါင်းတပ်တွေက ဆီးရီးယားနဲ့ အီရတ်မှာ ၂၀၁၄ ခုနှစ်ကစပြီး အိုင်အက်စ်ကို တိုက်နေကြတာပဲဖြစ်ပါတယ်။

SDF တပ်တွေရဲ့ စစ်ချီမှုကို အထောက်အပံ့ပေးနိုင်ဖို့ အမေရိကန်က bဗုံးရှင်းလင်းရေး၊ စစ်သင်တန်းပေးရေးနဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင်တွေ အပါအဝင် အင်အား ၅၀၀ ခန့် စေလွှတ်ထားတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly