လီဗာပူးလ်အနေဖြင့် ချယ်လ်ဆီးကဲ့သို့ ပါးနပ်ပြီး ပရိယာယ်ကြွယ်ဝရန်လိုဟု ကလော့ပ်ပြော

လီဗာပူးလ်အနေဖြင့် ချယ်လ်ဆီးကဲ့သို့ ပါးနပ်ပြီး ပရိယာယ်ကြွယ်ဝရန်လိုဟု ကလော့ပ်ပြော

ဖေဖော်ဝါရီ ၄၊ လီဗာပူးလ်။               ။ လီဗာပူးလ်နည်းပြကလော့ပ်က ၎င်း၏ငယ်ရွယ်သော အသင်းအနေဖြင့် ဆုဖလားကို စိန်ခေါ်နိုင်စွမ်းရှိသည့် အသင်းဖြစ်လိုပါက ချယ်လ်ဆီးကဲ့သို့ ပါးနပ်ပြီးပရိယာယ်ကြွယ်ဝရန် လိုအပ်သည်ဟု ပြောသည်။

အန်ဖီးလ်တွင် သရေကျစဉ်က ကွန်တီ၏ချယ်လ်ဆီးအသင်းမှာ လီဗာပူးလ်နှင့်ယှဉ်လျှင်ကစားပုံ မကောင်းသော်လည်း အမှတ်ရအောင်ယူနိုင်သည့်အပေါ် ဂျာမန်နည်းပြကလော့ပ်က သဘောကျနေခြင်းဖြစ်သည်။

ပါးနပ်ရန် လိုအပ်မှုနှင့်ပတ်သက်ပြီး ကလော့ပ်က “ဟုတ်ပါတယ်။ အဲဒီလိုဆိုရင် အားဖြစ်စေနိုင်မလားသေချာ မပြောနိုင်ပေမယ့် ဘောလုံးမှာတော့ ကောင်းမွန်တဲ့ လိုအပ်ချက်တစ်ခုဖြစ်ပါတယ်။ ပါးနပ်တာက ဘောလုံးရဲ့အစိတ်အပိုင်းတစ်ခုပါ။

ချယ်လ်ဆီးဟာ အတွေ့အကြုံပိုရင့်သလို ပိုလည်းပါးနပ်ပါတယ်။ ကျွန်တော်တို့လည်း အဲဒီအပိုင်းမှာ တိုးတက်လာနိုင်ပါတယ်။ ဒါပေမဲ့ နေ့တိုင်း အရာရာတိုးတက်နေဖို့တော့ မဖြစ်နိုင်ပါဘူး”ဟု ပြောသည်။

Ref; Mirror

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly