ရွန်နီကို မန်ယူအသင်းမှ ထွက်ခွာရန် ပေါလ်အင့်စ် တိုက်တွန်း

ရွန်နီကို မန်ယူအသင်းမှ ထွက်ခွာရန် ပေါလ်အင့်စ် တိုက်တွန်း

ဖေဖော်ဝါရီ ၄၊ မန်ချက်စတာ။          ။ ပွဲထွက်ခွင့်၊ ကစားခွင့်အာမခံချက်မရှိတော့သည့် ရွန်နီအတွက် မန်ချက်စတာယူနိုက်တက်အချိန်များကုန်ဆုံးသွားပြီဟု ကစားသမားဟောင်း   ပေါလ်အင့်စ်က ယုံကြည်နေသည်။

အင့်စ်သည် ဖာဂူဆန်လက်ထက်တွင် ယူနိုက်တက်အတွက် ခြောက်ရာသီကြာကစားခွင့်ရခဲ့ပြီး ပရီးမီးယားလိဂ်ဖလားနှစ်ကြိမ် ရပြီးနောက် အင်တာမီလန်သို့ ပြောင်းရွှေ့ခဲ့သည်။

အင်္ဂလန်လက်ရွေးစင်ဟောင်းအင့်စ်က ရွန်နီတွင်အစွမ်းအစအချို့ကျန်နေသေးပြီး အရန်ခုံတွင်ထိုင်ပြီးပွဲကြည့်နေသူ မဖြစ်သင့်ဟု ယူဆနေသည်။

“ကျွန်တော်သာ သူ့နေရာ၊ သူ့အသက်အရွယ်မှာသာဆိုရင် မန်ချက်စတာယူနိုက်တက်မှာ ဆက်နေစရာကိုမရှိတာပါ။ ရွန်နီက ၃၁ နှစ်ပဲရှိသေးပြီး ကမ်းလှမ်းမှုတွေလည်း အများအပြားရှိနေပါသေးတယ်။

သူကဘောလုံးကစားချင်တယ်။ ပွဲတိုင်းကစားချင်တာ။ တကယ်လို့သူတို့ဘက်ကဘာမှထပ်မကမ်းလှမ်းရင် သူ့ရဲ့ မန်ယူနိုက်တက် အချိန်က ပြီးပြီ။

သူက အဓိက ကစားသမားတစ်ယောက်အဖြစ်ကစားရဖို့ ကောင်းလွန်းနေသေးသူဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ကနေ ထွက်ခွာဖို့ အချိန်ကျပါပြီ”ဟု ပက်ဒီပါဝါဝက်ဘ်ဆိုက်၏ ပင်တိုင်ဆောင်းပါးရှင် အင့်စ်က ရေးထားသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly