၂၀၁၆ ဝင်ငွေအကောင်းဆုံး အားကစားသမားအဖြစ် စီရော်နယ်ဒို ရပ်တည်

၂၀၁၆ ဝင်ငွေအကောင်းဆုံး အားကစားသမားအဖြစ် စီရော်နယ်ဒို ရပ်တည်

ဖေဖော်ဝါရီ ၄၊ မက်ဒရစ်။          ။ ရီးယဲလ်မက်ဒရစ်အသင်းမှ ပေါ်တူဂီစူပါကြယ်ပွင့်စီရော်နယ်ဒိုသည် ၂၀၁၆ ခုနှစ်အတွက် ဝင်ငွေအကောင်းဆုံးအားကစားသမား အဖြစ် ရပ်တည်နေသည်။

ကစားသမားဘဝတစ်လျှောက် အအောင်မြင်ဆုံးနှစ်တစ်နှစ်အဖြစ်ယူဆရမည့် ၂၀၁၆ ခုနှစ်အတွင်း စီရော်နယ်ဒိုသည် ချန်ပီယံလိဂ်၊ ယူရို ၂၀၁၆၊ ကမ္ဘာ့အကောင်းဆုံးကစားသမားဆု၊ ဖီဖာအကောင်းဆုံးကစားသမားဆုများကို ရရှိခဲ့သည်။

ဖော့ဘ်စ်မဂ္ဂဇင်း၏ထုတ်ပြန်မှုတွင် ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူးအနေဖြင့် ယမန်နှစ်ကဝင်ငွေ ပေါင် ၇၀ ဒသမ ၆ သန်း ရရှိခဲ့သည်ဟု ဖော်ပြထားသည်။

၂၀၁၅ ခုနှစ်ကထက် ပေါင် ၆ ဒသမ ၆ သန်းပိုရခဲ့သည့် ယင်းအနေဖြင့် ဝင်ငွေအကောင်းဆုံးအားကစားသမားစာရင်းကို ပထမဆုံးအကြိမ်ဦးဆောင်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။

ဒုတိယနေရာတွင် ဘာစီလိုနာတိုက်စစ်မှူးမက်ဆီက ပေါင် ၆၅ သန်းဖြင့်လည်းကောင်း၊ တတိယနေရာတွင် NBA ဘက်စကက်ဘောကြယ်ပွင့် လီဘရွန်ဂျိမ်းစ်က ပေါင် ၆၁ ဒသမ ၉ သန်းဖြင့်လည်းကောင်း ရပ်တည်နေသည်။

၁၉၉၀ ခုနှစ်ကတည်းကစတင်ဖော်ပြသည့်ယင်းစာရင်းတွင် စီရော်နယ်ဒိုမှာ မိုက်ကယ်ဂျော်ဒန်နောက်ပိုင်း  အသင်းလိုက် ကစားရသည့်အားကစားနည်းမှ ထိပ်ဆုံးရောက်သည့် ပထမဆုံးကစားသမားလည်းဖြစ်လာခဲ့သည်။

တင်းနစ်ဂန္ထဝင် ရော်ဂျာဖက်ဒါရာ (ပေါင် ၅၄ ဒသမ ၅)သန်းနှင့် ဂိုးဒင်းစတိတ်ဝါရီယာ ဘက်စကက်ဘောအသင်းမှ ကီဗင်ဒါရန့် (ပေါင် ၄၅ ဒသမ ၁)သန်းတို့သည်လည်း ထိပ်ဆုံးငါးဦးစာရင်းဝင်ခဲ့သည်။

ပြိုင်ကားအကျော်အမော် လူးဝစ်ဟာမီလ်တန် (ပေါင် ၃၆ ဒသမ ၈ သန်း) အဆင့် ၁၁ နှင့် ဂေါ့ဖ်အကျော်အမော် ရော်ရီ မက်အီရွိုင်း (ပေါင် ၃၄ သန်း) အဆင့် ၁၇ တို့မှာ ထိပ်ဆုံး ၂၀ ဦးစာရင်းဝင်သည့် နှစ်ဦးတည်းသောဗြိတိန်ကစားသမားများဖြစ်ကြ သည်။

ဖော့်ဘ်စ်မဂ္ဂဇင်းမှ ထုတ်ပြန်သည့် ဝင်ငွေအကောင်းဆုံးအားကစားသမား ထိပ်ဆုံး ၁၀ ဦးစာရင်း

စီရော်နယ်ဒို (ဘောလုံး)                    ပေါင် ၇၀ ဒသမ ၆ သန်း

မက်ဆီ (ဘောလုံး)                          ပေါင် ၆၅ သန်း

လီဘရွန်ဂျိမ်းစ် (ဘက်စကက်ဘော)       ပေါင် ၆၁ ဒသမ ၉ သန်း

ရော်ဂျာဖက်ဒါရာ (တင်းနစ်)                ပေါင် ၅၄ ဒသမ ၄ သန်း

ကီဗင်ဒါရန့် (ဘက်စကက်ဘော)           ပေါင် ၄၅ ဒသမ ၁ သန်း

နိုဗက် ဂျိုကိုဗစ် (တင်းနစ်)                  ပေါင် ၄၄ ဒသမ ၆ သန်း

ကမ် နယူတန် (အမေရိကန်ဘောလုံး)     ပေါင် ၄၂ ဒသမ ၅ သန်း

ဖီးလ် မစ်ကယ်ဆင် (ဂေါ့ဖ်)                 ပေါင် ၄၂ ဒသမ ၃ သန်း

ဂျော်ဒန် စပီး (ဂေါ့ဖ်)                        ပေါင် ၄၂ ဒသမ ၂ သန်း

ကိုဘီ ဘရိုင်ယန် (ဘက်စကက်ဘော)    ပေါင် ၃၉ ဒသမ ၉ သန်း

Ref; Daily Mail

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly