အမေရိကန်က ရှုတ်ချထားသည့်ကြားက ယူကရိန်း၌ ရုရှနောက်ခံရှိတဲ့ သူပုန်တွေရဲ့ တိုက်ပွဲအတွင်း သေဆုံးသူဦးရေ တိုးလာ

အမေရိကန်က ရှုတ်ချထားသည့်ကြားက ယူကရိန်း၌ ရုရှနောက်ခံရှိတဲ့ သူပုန်တွေရဲ့ တိုက်ပွဲအတွင်း သေဆုံးသူဦးရေ တိုးလာ

ကိဗ်၊ ဖေဖော်ဝါရီ ၄ ။                 ။ ယူကရိန်းနိုင်ငံအတွင်းမှာ ဖြစ်ပွားနေတဲ့ ရုရှကျောထောက်နောက်ခံရှိတဲ့ သူပုန်တွေနဲ့ အစိုးရတပ်တွေကြားက တိုက်ပွဲများအတွင်း အဓိကဖြစ်ပွားနေရာ အက်ဒီဗာကာမြို့မှာဆိုရင် ဖေဖော်ဝါရီ ၃ ရက်က နှစ်ဦးသေဆုံးခဲ့ပြီး အခြားနေရာတွေမှာ ခုနစ်ဦး သေဆုံးခဲ့လို့ ရုရှရဲ့ နိုင်လိုမင်းထက်ပြုမှုကို အမေရိကန်က ရှုတ်ချဖို့ ဖြစ်လာပါတယ်။

သူပုန်နဲ့ အစိုးရ နှစ်ဖက်စလုံးက နောက်ဆုံးထုတ်ပြန်ထားတဲ့ အစီရင်ခံစာမှာ အရှေ့ပိုင်းစစ်ပွဲဇုန်အတွင်း သေဆုံးသူဦးရေက ၃၄ ဦးအထိ ရှိသွားပြီဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ဒီနှုန်းထားက ၂၀၁၄ နဲ့ ၂၀၁၅ က ယူကရိန်းအရှေ့ပိုင်း စစ်ပွဲတွေနောက်ပိုင်း အမြင့်ဆုံး သေဆုံးနှုန်းလည်း ဖြစ်ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် နီကီဟာလေးက ယူကရိန်းအရေးမှာ ရုရှရဲ့ နိုင်လိုမင်းထက်ရှိနေတာကို ဖေဖော်ဝါရီ ၂ ရက်က ရှုတ်ချခဲ့ပါတယ်။

ဒါပေမယ့် ရုရှသမ္မတ ဗလာဒီမာပူတင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပီစကော့ဗ်က သံအမတ် ဟာလေးရဲ့ ပြောဆိုချက်ကို လက်မခံဘူးလို့ တုံ့ပြန်ပါတယ်။

ယူကရိန်းအနေနဲ့ကတော့ အမေရိကန်ရဲ့ သမ္မတသစ် ဒေါ်နယ်ထရမ့်က ရုရှသမ္မတ ပူတင်နဲ့ ဆက်ဆံရေးသစ် ဖြစ်ထွန်းလိုနေသူဖြစ်တာကြောင့် အမေရိကန်ရဲ့ အထောက်အပံ့ ဆုံးရှုံးမှာ ပူပန်နေရချိန်မှာ ခုလို ရုရှအပေါ် အမေရိကန်ရဲ့ ဝေဖန်ပြောဆိုမှုကြောင့် အားတက်စရာ ဖြစ်လာမှာပဲဖြစ်ပါတယ်။

ယူကရိန်းသမ္မတ ပီထရိုရှန်ကိုက တိုက်ပွဲတွေကြောင့် ကမ္ဘာက ရုရှကို ပိုဖိအားပေးရန် မေတ္တာရပ်ခံထားတာလည်းဖြစ်ပါတယ်။ “ဗုံးကြဲတိုက်ခိုက်မှုတွေ အဆုံးသတ်ရေးအတွက် ကမ္ဘာက ရုရှကို ပိုပြီးဖိအားပေးသင့်တယ်။ ယူကရိန်းကို လူသားချင်းစာနာထောက်ထားရေးကပ်ဘေးအတွင်း ရုရှက ဆွဲနှစ်နေတာပဲဖြစ်တယ်။”လို့ သမ္မတ ပီထရိုပိုရိုရှန်ကိုက ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags