စလင်းတွင် ဘုရားဖူးယာဉ်နှင့် ဆိုင််ကယ်တိုက်မိ လူ ၂ ဦး သေဆုံး

စလင်းတွင် ဘုရားဖူးယာဉ်နှင့် ဆိုင််ကယ်တိုက်မိ လူ ၂ ဦး သေဆုံး

စလင်း၊ ဖေဖော်ဝါရီ ၃ ။            ။ မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ် ပုသိမ်မုံရွာလမ်း (ခေါင်းကူးရွာအဝင်လမ်းထိပ် ဇရပ်မြောက်ဘက် ၁ ဖာလုံခန့်အကွာ) နေရာတွင် ဖေဖော်ဝါရီ ၂ ရက်နေ့ ညနေ ၃ နာရီခန့်က မော်တော်ဆိုင်ကယ်နှင့် ဘုရားဖူးကားတစ်စီးတို့ တိုက်မိခဲ့ကြသည်။

တိုက်မိရာ ဆိုင်ကယ်စီးနင်းလာသူ နှစ်ဦးစလုံး သေဆုံးသွားကြောင်း ကနဦး သတင်းရရှိပြီး သေဆုံးသူများမှာ ဆင်ဖြူကျွန်းမြို့မှ (မှတ်ပုံတင်မှာ စွန်းကျွန်းညို ကျေးရွာဟုသိရ) ကိုစိုးတင့်နှင့် ကိုရဲဝင်းတို့ ဖြစ်ကြောင်း သိရှိရသည်။

ဘုရားဖူးယာဉ်သည်တောင်မှ မြောက်ဘက်မောင်းလာစဉ် ဆိုင်ကယ်မှ မြောက်မှတောင်သို့ မောင်းလာစဉ် လမ်းကျဉ်းအကွေ့ဖြစ်နေသောကြောင့် ယာဉ်ဘယ်ဘက်ရှေ့ဘီးခြမ်းဘက်မှ ဝင်တိုက်ခြင်းဖြစ်ကြောင်း၊ ဆိုင်ကယ်စီး ၂ဦးစလုံး နေရာတွင် ပွဲချင်းပြီး သေဆုံးသွားကြောင်း အဆိုပါ ကျေးရွာနေဦးမြတ်စိုးက ပြောသည်။

အခင်းဖြစ်နေရာသို့ စလင်းမြို့နယ် သရက်တောတိုက်နယ် ရဲစခန်းမှ တာဝန်ရှိသူများ လာရောက်စစ်ဆေးခဲ့ပြီး စလင်မြို့နယ်ရဲမှူးရုံးသို့ ဆက်သွယ်ရာ လင်းဇင်းရဲစခန်းသို့ ဖုန်းဖြင့် ဆက်သွယ်၍ မရခဲ့ကြောင်း မဇ္ဈိမ သတင်းထောက်က ပေးပို့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly