တစ်လကျော်ပျောက်ဆုံးနေသော မောင်တောမြို့နယ် ရာအိမ်မှူး ပြန်လည်လွတ်မြောက်လာ

တစ်လကျော်ပျောက်ဆုံးနေသော မောင်တောမြို့နယ် ရာအိမ်မှူး ပြန်လည်လွတ်မြောက်လာ
ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံသတင်းထုတ်ပြန်ရေးကော်မတီ

ဖေဖော်ဝါရီ ၃၊ ၂၀၁၇ ။               ။ မောင်တောမြို့နယ် ဂွဆုံကျေးရွာ ရာအိမ်မှူုး တစ်ဦး တစ်လကျော်ပျောက်ဆုံးနေရာမှ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ပြန်လည်ရောက်ရှိနေကြောင်း   နိုင်ငံတော်အတိုင်ပင်ခံသတင်းထုတ်ပြန်ရေးကော်မတီမှ ယနေ့ ထုတ်ပြန်သည်။

ရာအိမ်မှူး အန်နာမူလာသည် ဖမ်းဆီးခေါ်ဆောင်လာသူများ အိပ်ပျော်နေခိုက် ထွက်ပြေးခဲ့ရာ ဖေဖော်ဝါရီ ၁ရက်၊ ည ၉ နာရီကျော်ခန့်တွင် ဂွဆုံရွာမကြီးရှိ ရာအိမ်မှူး အဒူရောက်ကိန်းနေအိမ်သို့   ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်ဟု ပါရှိသည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂၉ ရက် ညနေပိုင်းက ရာအိမ်မှူး အန်နာမူလာမှ အလုပ်ကိစ္စဖြင့် ဂွဆုံအလယ်ကျေးရွာသို့ သွားရောက်စဉ် လမ်း၌ တုတ်ဓားများ ကိုင်ဆောင်ထားသော လူ ၆ ဦးမှ မေယုတောင်ပေါ်သို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ကနဦးသတင်းထုတ်ပြန်ချက်များတွင် ပါရှိသည်။

ဖြစ်စဉ်မှာ ၂၀၁၆ ဒီဇင်ဘာ ၂၉ရက် မိနစ် ၂၀ က ဂွဆုံအလယ်ကျေးရွာမှအပြန် ဂွဆုံကျေးရွာမှ  အဒူလော့ အပါအဝင် လူ ၈ ဦးမှ ဖမ်းဆီးခဲ့ကြောင်း ၊ ဟာရှိန်းနှင့် လူ ၄ ဦးမှ အုပ်ချုပ်ရေးအဖွဲ့တွင် ၎င်းတို့ပါဝင်ခွင့်မရခြင်း၊ မော်လဝီဇူပိုင်အဖွဲ့နှင်‌့ အဆက်အသွယ်ပြုလုပ်သည်ကို တားမြစ်ခြင်းတို့ကြောင့် မကျေနပ်၍ ကျပ်သိန်း(၄၀)ပေးမည်ဟု ပြောဆိုကာ အဒူလော့နှင့်အဖွဲ့အား ဖမ်းဆီးသတ်ဖြတ်ခိုင်းခြင်းဖြစ်ကြောင်း ၎င်းဖမ်းဆီးခံရသူ ရာအိမ်မှူးက ဂွဆုံရဲစခန်းမှူး ဒုရဲအုပ် အောင်မြတ်ကျော်အဖွဲ့သို့ ပြောသည်။

၂၀၁၇ ဖေဖော်ဝါရီ ၁ ရက် ညနေ ၅ နာရီတွင် ဖမ်းဆီးခေါ်ဆောင်လာသူများ အိပ်ပျော်နေခိုက် ထွက်ပြေးခဲ့ရာ ည ၉ နာရီ မိနစ် ၂၀ တွင် ဂွဆုံရွာမကြီးရှိ ရာအိမ်မှူး အဒူရောက်ကိန်းနေအိမ်သို့   ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း အန်နာမူလာ က ပြောသည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီတွင် ထုတ်ပြန်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly