မောင်တောမြို့၌ စိတ်ကြွဆေးပြား ၂ သိန်းနီးပါး ဖမ်းဆီးရမိ

မောင်တောမြို့၌ စိတ်ကြွဆေးပြား ၂ သိန်းနီးပါး ဖမ်းဆီးရမိ
(ဓာတ်ပုံ-နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)

ဖေဖော်ဝါရီ ၃၊ ၂၀၁၇ ။             ။ မောင်တောမြို့နယ် မြို့မကညင်တန်းရွာနေ ကော်ရီမူလ္လာ ၂၆ နှစ် ၏ နေအိမ်တွင် စိတ်ကြွဆေးပြား နှစ်သိန်းနီးပါး ဖမ်းဆီးရခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်း ထုတ်ပြန်ရေးကော်မတီမှ ထုတ်ပြန်သည်။

မေယုစစ်ဆင်ရေး အစီအစဉ်အရ ဖေဖော်ဝါရီ ၂ ရက် နံနက် ၁၁ နာရီခွဲတွင် ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်ခြံဝင်းအတွင်းရှိ ပါကျဲရိုးယာဉ်၏ နောက်ဘက်တံခါး၌ တပ်ဆင်ထားသည့် စပယ်ယာဘီးအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၄,၂၅၀ ကို ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး အိမ်ရှင်  ကော်ရီမူလ္လာ မှာ ထွက်ပြေးသွားခဲ့သည်ဟု ထုတ်ပြန်ထားသည်။
.
 အဆိုပါနေအိမ်၌ ရောက်ရှိနေသည့် မောင်နီရွာနေသူ မာမောက်ကာဆိမ်း ၃၀ နှစ် အား စစ်ဆေးရာ ကော်ရီမူလ္လာမှ ကြိမ်ချောင်းသို့ ပို့ဆောင်ခ ကျပ် ၁ သိန်း ပေး၍ ပို့ဆောင်ရန် ပြင်ဆင်နေစဉ် ဖမ်းမိခြင်းဖြစ်ကြောင်းသိရှိရသည်။
.
ဖမ်းဆီးရမိသူနှင့် တိမ်းရှောင်သွားသည့် ကော်ရီမူလ္လာတို့အား တရားဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။
.

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly