ရော်နယ်ဒင်ဟိုကို အသင်း၏ သံတမန်အဖြစ် ဘာစီလိုနာခန့်အပ်

ရော်နယ်ဒင်ဟိုကို အသင်း၏ သံတမန်အဖြစ် ဘာစီလိုနာခန့်အပ်

ဖေဖော်ဝါရီ ၃၊ ဘာစီလိုနာ။             ။ နူးကမ့်တွင် အသင်းသံတမန်တစ်ဦးအဖြစ်တာဝန်ယူမည့် ဘရာဇီးလူမျိုး ရော်နယ်ဒင်ဟိုပြန်လည်ရောက်ရှိလာမှုကို ဘာစီလိုနာ အသင်းက အတည်ပြုလိုက်သည်။

အသက် ၃၆ နှစ်အရွယ် ရော်နယ်ဒင်ဟိုသည် စပိန်ထိပ်သီးကလပ်တွင် ငါးနှစ်ကြာကစားပြီး ချန်ပီယံလိဂ်တစ်ကြိမ်နှင့် လာလီဂါ ဖလားနှစ်ကြိမ်အပါအဝင် ဆုဖလားများရရှိခဲ့သည်။

ဘာစီလိုနာအတွက် ခြေစွမ်းပြမှုများကြောင့်လည်း ၂၀၀၅ ခုနှစ် ကမ္ဘာ့အကောင်းဆုံးကစားသမားဆုကိုရရှိခဲ့ပြီး အသင်း၏ အလေးထားမှုကို ရရှိနေဆဲဖြစ်သည်။

သို့ဖြစ်ရာ အသင်း၏သံတမန်အဖြစ်အတည်ပြုခန့်အပ်ခံရပြီး အခမ်းအနားများတွင် ဘာစီလိုနာအသင်းကို ကိုယ်စားပြုရမည်ဖြစ်သည်။

ရော်နယ်ဒင်ဟိုကို သံတမန်အဖြစ်ခန့်အပ်ပွဲကို နူးကမ့်တွင် သောကြာနေ့၌ အသင်းဥက္ကဋ္ဌ ဘာတိုမြူနှင့်အတူ ပြုလုပ်မည်ဖြစ်သည်။

ရော်နယ်ဒင်ဟိုသည် ၂၀၀၃ တွင် ပီအက်စ်ဂျီမှပြောင်းလာခဲ့ပြီး ၂၀၀၈ တွင် ဘာစီလိုနာမှ အေစီမီလန်သို့ ပြောင်းရွှေ့ခဲ့သည်။ အေစီမီလန်တွင် သုံးနှစ်ကြာကစားပြီး ဖလာမင်ဂိုတွင်ကစားရန် ဘရာဇီးသို့ပြန်သွားခဲ့သည်။

အက်သလက်တီကိုမင်နဲရိုး၊ ကွာရီတာရိုနှင့် ဖလူမင်နီးစ်တို့တွင်ကစားပြီးနောက် ၂၀၁၅ တွင် ကစားသမားဘဝမှ အနားယူခဲ့သည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags