ဟယ်ရီပေါ်တာစာအုပ်များကို မီးရှို့မည်ဟု ခြိမ်းခြောက်သူသူများအား ဂျေကေရိုးလင်း တုံ့ပြန်ထိုးနှက်

ဟယ်ရီပေါ်တာစာအုပ်များကို မီးရှို့မည်ဟု ခြိမ်းခြောက်သူသူများအား ဂျေကေရိုးလင်း တုံ့ပြန်ထိုးနှက်

ဟယ်ရီပေါ်တာ စာရေးဆရာမ ဂျေကေရိုးလင်းသည် သူမ၏သမ္မတဒေါ်နယ်ထရမ့်အပေါ် ဝေဖန်မှုကြောင့် သူမ၏ စာအုပ်များကို မီးရှို့ဖျက်ဆီးပစ်မည်ဟု ခြိမ်းခြောက်ခဲ့သော တွစ်တာ အသုံးပြုသူများကို တုံ့ပြန်ထိုးနှက်ခဲ့ပါသည်။

ရိုးလင်းသည် ဒေါ်နယ်ထရမ့်၏ ခရီးသွားလာခြင်း ပိတ်ပင်မှုအမိန့်အား တွစ်တာပေါ်တွင် ဝေဖန်ခဲ့မှုကြောင့် သူမ၏ တွစ်တာပေါ်တွင် သူမအားပြန်လည် တုံ့ပြန်သူများ၏ မှတ်ချက်များဖြင့်   ပြည့်နှက်နေခဲ့သည်။

သူမ၏မှတ်ချက်အတွက်အချို့ပရိတ်သတ်များကစိတ်ဆိုးဒေါသထွက်ခဲ့ကြပြီး အများစုသည်သူမ၏စာအုပ်များကို မီးရှို့ဖျက်ဆီးပစ်မည်ဟုပြောခဲ့ပြီးအချို့ကလည်းလုပ်ဖို့စီစဉ်နေပြီဟုပြောခဲ့သလို အချို့ပရိတ်သတ်များကတော့ သူမအားနိုင်ငံရေးကိစ္စနှင့်ဝေးဝေးနေရန်အကြံပေးခဲ့ကြသည်။

သို့သော်လည်းရိုးလင်းသည်သူမကိုဝေဖန်သူများအားပြန်လည်သရော်ခြင်းဖြင့်တုံ့ပြန်ခဲ့သည်။

တွစ်တာအသုံးပြုသူတစ်ဦးက “ငါမင်းရဲ့စာအုပ်တွေနဲ့ရုပ်ရှင်ခွေတွေကိုအခုပဲမီးရှို့ပစ်တော့မယ်”ဟုရေးသားခဲ့ပြီး ရိုးလင်းကလည်း “ကောင်းပြီလေ။

ဒီဗွီဒီခွေကိုမီးရှို့ရင်ထွက်တဲ့အခိုးငွေ့တွေကအဆိပ်ရှိတယ်။ဘာပဲဖြစ်ဖြစ်ငါမင်း ဆီကပိုက်ဆံရထားပြီးပြီပဲ။းဒါကြောင့်မီးရှို့မယ်ဆိုရင်ငါ့မီးခြစ်မင်းကိုငှားပါ့မယ်”ဟု ပြန်လည်တုံ့ပြန်ခဲ့သည်။

အခြားတွစ်တာအသုံးပြုသူတစ်ဦးကသူမအား “မင်းကအရွယ်ရောက်ပြီးသားမိန်းမသားတစ်ဦးပါ။မင်းရဲ့အလုပ် အကိုင်ကလူတွေကို ဖားပြုတ်အဖြစ်ပြောင်းတတ်တဲ့ ငကြောင်တစ်ယောက်အကြောင်း ဇာတ်လမ်းရေးတဲ့ အလုပ်ပဲလေ။ ဒါကြောင့်နိုင်ငံရေးနဲ့ခပ်ကင်းကင်းရှင်းရှင်းနေပါ” ဟု ပြောခဲ့သည်။

သို့သော်ရိုးလင်းက “လွတ်လပ်တဲ့တိုင်းပြည်မှာ ဘယ်သူမဆိုနိုင်ငံရေးအကြောင်းလွတ်လပ်စွာပြောဆိုနိုင်ပါတယ်” ဟုတုံ့ပြန်ရေးသားခဲ့ပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags