တမူးမြို့တွင် ညခင်းပိုင်း၌ နယ်စပ်ဖြတ်ကျော် ခွင့် ပိတ်ထား

တမူးမြို့တွင် ညခင်းပိုင်း၌ နယ်စပ်ဖြတ်ကျော် ခွင့် ပိတ်ထား

မုံရွာ၊ ဖေဖော်ဝါရီ ၂ ။          ။ အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့တွင် ညခင်းပိုင်း၌ နယ်စပ်ဖြတ်ကျော်ခွင့် ပိတ်ထားကြောင်း တမူးမြို့နယ်ဒေသခံများက မဇ္ဈိမသို့ ပြောသည်။

ဇန်နဝါရီ ၂၈ ရက် နံနက်ပိုင်းက ယင်းထုတ်ပြန်ချက်ကို ထုတ်ခဲ့ခြင်းဖြစ်ပြီး တမူးမြို့အတွင်း ညမထွက်ရအမိန့်ထုတ်ပြန်ခြင်း မဟုတ်ဘဲ နယ်စပ်ဖြတ်ကျော်ခွင့်ကိုသာ ပိတ်ထားခြင်းဖြစ်ကြောင်း သိရသည်။

"မြို့ထဲကိုတော့ တရားဝင်ကြေညာချက်ထုတ်ထားတယ်။ လှည့်အော်ပေးတယ်။ ခုထုတ်ပြန်တဲ့ ညမထွက်ရအမိန့်က မြို့ထဲကို ပြောတာမဟုတ်ဘူး။ နယ်စပ်ဖြတ်ကျော်ခွင့်ကို ပြောတာ"ဟု တမူးမြို့နယ် NLD ဥက္ကဋ္ဌ ဦးမြင့်ဇော်က ပြောသည်။

တမူးခရိုင်နှင့် နယ်စပ် အိန္ဒိယဘက်ခြမ်းတွင် လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ ရောက်ရှိနေသည့် သတင်းရရှိခြင်း၊ တရားမဝင်လမ်းကြောင်းမှတဆင့် မြန်မာဘက်ခြမ်းမှ စက်သုံးဆီနှင့် သစ်တို့ကို ညအချိန်များတွင် ခိုးထုတ်နေခြင်း၊ တို့ကြောင့် ယင်းသို့ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။

နယ်စပ်တစ်လျှောက်တွင် တွေ့ရှိသူများကို စစ်ဆေးဖမ်းဆီးထိန်းသိမ်းနိုင်သည့် ပုဒ်မ ၁၈၈ ထုတ်ပြန်ထားခြင်းဖြစ်ပြီး ညနေ ၆ နာရီမှ နံနက် ၆ နာရီ အထိဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံဘက်ရှိ တမူးမြို့သည် အိန္ဒိယနိုင်ငံနှင့် ခြံစည်းရိုးသာခြားသော နယ်စပ်မြို့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly