ရုရှနှင့် နီးစပ်တဲ့ ဆက်ဆံရေးရှိသူကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် အမေရိကန်ဆီးနိတ် အတည်ပြု

ရုရှနှင့် နီးစပ်တဲ့ ဆက်ဆံရေးရှိသူကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် အမေရိကန်ဆီးနိတ် အတည်ပြု

နယူးယောက်၊ ဖေဖော်ဝါရီ ၂ ။                ။ အမေရိကန်ရဲ့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဒေါ်နယ်ထရမ့် အမည်စာရင်းသွင်းထားတဲ့ ရက်စ်တေလာဆန်ဟာ ရုရှနဲ့ နီးစပ်တဲ့ ဆက်ဆံရေးရှိထားလို့ စိုးရိမ်မှုတွေ ရှိနေပေမယ့် ဆီးနိတ်လွှတ်တော်က အတည်ပြုခန့်အပ်လိုက်ပြီဖြစ်ပါတယ်။

Exxon Mobil Corp ရေနံကော်ပိုရေးရှင်းကြီးရဲ့ ယခင်စီအီးအိုဟောင်းဖြစ်သူ တေလာဆန်ကို လွှတ်တော်မှာ ထောက်ခံ ၅၆ မဲ၊ ကန့်ကွက် ၄၃ မဲနဲ့ အတည်ပြုလိုက်တာပါ။

စီအီးအိုအဖြစ် တာဝန်ယူခဲ့စဉ်က ရုရှနိုင်ငံနဲ့ ဆက်ဆံမှုများ ရှိနေခဲ့လို့ အမတ်တစ်ချို့က စိုးရိမ်မှုများ ရှိကြောင်း ပြသခဲ့ပါတယ်။

အသက် ၆၄ နှစ်ရှိပြီဖြစ်တဲ့ တေလာဆန်ဟာ Exxon ကော်ပိုရေးရှင်းကြီးမှာ နှစ်လေးဆယ်ခန့် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၂၀၁၆ ခုနှစ်မှာ ဥက္ကဌနဲ့ စီအီးအိုအဖြစ်က အငြိမ်းစားယူခဲ့တာဖြစ်ပါတယ်။

နိုင်ငံရေးရာထူး တစ်ခါမှ တာဝန်ထမ်းဆောင်ဖူးခြင်း မရှိတဲ့ တေလာဆန်ဟာ ဘဲဥပုံရုံးခန်းအတွင်း ဒုတိယသမ္မတ ရှေ့မှောက်မှာ အမေရိကန်ရဲ့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ကျမ်းသစ္စာဆိုခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly