ရိုမေးနီးယား၌ အကျင့်ပျက်ခြစားမှု ပြစ်ဒဏ်ကို ပယ်ဖျက်ပေးလိုက်၍ ကွန်မြူနစ်များ ကျဆုံးခန်းနောက်ပိုင်း အကြီးဆုံး ဆန္ဒပြမှုများ ဖြစ်ပွား

ရိုမေးနီးယား၌ အကျင့်ပျက်ခြစားမှု ပြစ်ဒဏ်ကို ပယ်ဖျက်ပေးလိုက်၍ ကွန်မြူနစ်များ ကျဆုံးခန်းနောက်ပိုင်း အကြီးဆုံး ဆန္ဒပြမှုများ ဖြစ်ပွား

ဘတ်ချာရက်စ်၊ ဖေဖော်ဝါရီ ၂ ။           ။ ရိုမေးနီးယားအစိုးရက အကျင့်ပျက်ခြစားမှုပြစ်ဒဏ်တွေကို ပယ်ဖျက်ပေးတဲ့ အမိန့်တစ်ရပ် ထုတ်ပြန်လိုက်ပြီးနောက်မှာ နိုင်ငံတစ်ဝန်းက လမ်းမတွေမှာ ဖေေဖော်ဝါရီ ၁ ရက်က ပြည်သူထောင်ပေါင်းများစွာ ဆန္ဒပြနေကြပြီး ၁၉၈၉ ခုနှစ် ကွန်မြူနစ်များ ကျဆုံးသွားပြီးနောက်ပိုင်း အကြီးမားဆုံး ဆန္ဒပြမှုလည်း ဖြစ်ပါတယ်။

အစိုးရရဲ့ အရေးပေါ်အမိန့်ဒီဂရီတစ်ရပ်အနေနဲ့ ခြစားမှုပြစ်ဒဏ်တွေကို ပယ်ဖျက်ပစ်နိုင်တဲ့ အမိန့်တစ်ရပ်ကို ထုတ်ပြန်ပြီး နောက်တစ်ရက်မှာပဲ အအေးဒဏ်ကို အံ့တုပြီး လမ်းတွေပေါ်မှာ ဆန္ဒပြမှုတွေ ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။ မီဒီယာတွေ တွက်ချက်ခန့်မှန်းချက်အရ ဆန္ဒပြအင်အား နှစ်သိန်းခန့်ရှိပြီး တစ်ချို့ဆန္ဒပြသူတွေက “သူခိုးတွေ” “ဆင်းသွားကြ”ဆိုတဲ့   ကြွေးကြော်သံတွေ   အော်ဟစ်ကြပါတယ်။

မြို့တော် ဘတ်ချာရတ်စ်က ဆန္ဒပြလူအုပ်မှာတော့ တစ်ချို့ဆန္ဒပြသူတွေက လုံခြုံရေးတပ်ဖွဲ့တွေကို ပုလင်းတွေ၊ ဗြောက်အိုးမီးပန်းတွေ၊ ကျောက်ခဲတွေနဲ့ ပစ်ပေါက်ကြပါတယ်။ လုံခြုံရေးတပ်ဖွဲ့ကလည်း မျက်ရည်ယိုဗုံးနဲ့ ပြန်လည်ဖြိုခွင်းပါတယ်။ ရဲနဲ့ ဆန္ဒပြသူ အနည်းငယ် အထိအခိုက်ရှိကြောင်း သိရပါတယ်။

ဆက်တိုက်ဒုတိယမြောက်နေ့အဖြစ် နိုင်ငံတစ်ဝန်းအခြားသော မြို့တွေမှာပါ ဆန္ဒပြမှုတွေ ဖြစ်ပွားပေါ်ပေါက်လာပါတယ်။

ရိုမေးနီးယားနိုင်ငံတွင်းမှာ လွန်ခဲ့တဲ့ နှစ်သုံးဆယ်က ဆူပူအုံကြွမှုကြီးဖြစ်ပွားခဲ့ပြီး အာဏာရှင် နီကိုလိုင်းစအူးရှက်ကို ဖြုတ်ချကာ ၁၉၈၉ ဒီဇင်ဘာ ၂၅ ရက်မှာ ၎င်းနဲ့ ၎င်းရဲ့ ဇနီးကို အမေးအမြန်းမရှိ ကွပ်မျက်အောင်ပွဲခံခဲ့ပါတယ်။

ယခုအစိုးရက အရေးပေါ် အမိန့်ဒီဂရီကို ဇန်နဝါရီ ၃၁ ရက်နှောင်းပိုင်းမှာ ထုတ်ပြန်ပြဌာန်းလိုက်တာပါ။ ဒီအမိန့်ဒီဂရီအရ အစိုးရအနေနဲ့ အကျင့်ပျက်ခြစားမှု ပြစ်ဒဏ်တွေကို ပယ်ဖျက်နိုင်သလို   ထောင်တန်းချနိုင်တဲ့ အာဏာကိုလည်း လက်တစ်လုံးခြား လုပ်လာနိုင်မှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags