ငွေကြေးဖျက်သိမ်းမှုဒဏ်ကို ကုစားတဲ့အနေနဲ့ အိန္ဒိယက ကျေးလက်ဆင်းရဲသားများအတွက် အသုံးစရိတ်မြှင့်တင်ကာ အခွန်လျှော့ကောက်မည်

ငွေကြေးဖျက်သိမ်းမှုဒဏ်ကို ကုစားတဲ့အနေနဲ့ အိန္ဒိယက ကျေးလက်ဆင်းရဲသားများအတွက် အသုံးစရိတ်မြှင့်တင်ကာ အခွန်လျှော့ကောက်မည်

နယူးဒေလီ၊ ဖေဖော်ဝါရီ ၁ ။         ။ အိန္ဒိယဘဏ္ဍာရေးဝန်ကြီးက ဆင်းရဲသားဒေသတွေအတွက် အသုံးစရိတ် တိုးမြှင့်သုံးစွဲပြီး ဝင်ငွေခွန် အခြေခံကောက်ခံမှု နှုန်းထားကို    လျှော့ချသက်သာစေမယ်လို့   ဖေဖော်ဝါရီ ၁ ရက်မှာ ကတိပြုပြောဆိုပါတယ်။

နိုင်ငံတွင်းမှာ တန်ဖိုးမြင့်ငွေစက္ကူတစ်ချို့ ဖျက်သိမ်းလိုက်ခြင်းရဲ့ ဒဏ်ကို လျော့ပါးအောင် ကြိုးစားဖော်ဆောင်ခြင်းလည်းဖြစ်ပါတယ်။

ဝန်ကြီး အရန်ဂျေတလေးက အဓိကရွေးကောက်ပွဲတွေမတိုင်မီမှာ ဆင်းရဲသားနဲ့ အလတ်တန်းစားတွေအတွက် ဖြေလျော့သက်သာမှုတွေ ရစေမယ်လို့ ကတိပေးလာတာလည်းဖြစ်ပါတယ်။

ဒီ့အပြင် လာမယ့်ငါးနှစ်အတွင်းမှာ လယ်သမားတွေရဲ့ ဝင်ငွေကို နှစ်ဆတိုးစေမယ်၊ ၂၀၁၉ ခုနှစ်မကုန်မီ အိမ်ထောင်စုပေါင်း ဆယ်သန်းကို ဆင်းရဲတွင်းက ဆွဲထုတ်မယ်လို့လည်း ကတိကဝတ်ပေးပါတယ်။ နိုင်ငံတွင်းမှာ ငွေစက္ကူတစ်ချို့ တရားမဝင်ဖျက်သိမ်းပြီးနောက်မှာ ပြည်သူများက သက်ရောက်မှုဒဏ်ကို ခံစားကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။

ဆင်းရဲသားများအတွက် ပိုမိုတန်ဖိုးနည်းအိမ်ရာများကို ဖော်ဆောင်သွားပြီး ဝင်ငွေခွန်အခြေခံနှုန်းထားကို ငါးရာခိုင်နှုန်းအထိ လျှော့ချမယ်လို့ ၎င်းက ကတိပေးပါတယ်။

“ဒီနှစ်အတွက် ဘတ်ဂျတ်လျာထားရေးဆွဲရာမှာ ကျေးလက်ဒေသတွေအတွက် အသုံးစရိတ်တွေ ပိုချပေးဖို့ ပြင်ဆင်နေပါတယ်။”လို့ ဂျေတလေးက လွှတ်တော်မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လအတန်ကြာက ဝန်ကြီးချုပ်နာရန္ဒြာမိုဒီဟာ မျှော်လင့်မထားတဲ့ ဆုံးဖြတ်ချက်အဖြစ် ရူပီး ၅၀၀ တန်နဲ့ တစ်ထောင်တန်တွေကို ပယ်ဖျက်ကြောင်း ကြေညာခဲ့ပါတယ်။

နိုင်ငံငွေကြေးစီးဆင်းမှုရဲ့ ၈၆ ရာခိုင်နှုန်း နီးပါးရှိနေတဲ့ ဒီငွေစက္ကူတွေကို အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး၊ ငွေမည်းခဝါချမှု ချေမှုန်းရေးအတွက်ဆိုပြီး ဖျက်သိမ်းလိုက်တာပဲဖြစ်ပါတယ်။

အကျိုးဆက်အနေနဲ့က ဘဏ်တွေမှာ ငွေကြေးပြတ်လပ်မှုတွေဖြစ်ပြီး အဟောင်းနဲ့ အသစ် လဲလှယ်သူတွေနဲ့ လူတန်းကြီးဖြစ်ခဲ့ပါတယ်။ နိုင်ငံအနှံ့က စီးပွားရေးလုပ်ငန်းတွေလည်း ထိခိုက်ခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly