မောင်တော၌ ကမ်းတင်လာသော စက်လှေတစ်စီးနှင့် လူ(၂)ဦးအား စစ်ဆေးလျက်ရှိ

မောင်တော၌ ကမ်းတင်လာသော စက်လှေတစ်စီးနှင့် လူ(၂)ဦးအား စစ်ဆေးလျက်ရှိ
(ဓာတ်ပုံ-နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)

ဖေဖော်ဝါရီ ၁၊  ၂၀၁၇ ။             ။ မောင်တောမြို့နယ် သပြေတောချောင်းဝတွင် ကမ်းတင်နေသော စက်လှေတစ်စီးနှင့် လူ(၂)ဦးအား ဇန်နဝါရီ ၃၁ ရက် ညနေပိုင်းက ဖမ်းဆီးရမိခဲ့သည်ဟု   နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီမှ ယနေ့ထုတ်ပြန်သည်။

ရေမျောလာပြီး ကမ်းတင်နေသည့် အလျား ၃၀ ပေ၊ အနံ ၁၀ ပေခန့်ရှိ မြင်းကောင်ရေ ၁၈ ကောင် တရုတ်အင်ဂျင်တပ် စက်လှေအား ဇန်နဝါရီ ၃၁ ညနေ ၆ နာရီ ၁၅ မိနစ်တွင်  သပြေတောချောင်းဝတွင်  ဖမ်းဆီးရမိခဲ့သည်။

စက်လှေပေါ်ရှိ လူ ၂ ဦးအား စစ်ဆေးရာ စစ်တွေမြို့နယ် နာဇီကျေးရွာနေထိုင်သူ အီနူဘော် အာမတ်၏သား အင်နာရော့ဒူရာ (၂၈)နှစ်နှင့် မောင်တောမြို့နယ် ကညင်တန်းကျေးရွာနေ ဆော်ရာအမိန်၏သား ရှိတ်ကူ (၁၈)နှစ်တို့ဖြစ်ကြောင်း တွေ့ရှိရသည်။

အဆိုပါ ၂ ဦး၏ ထွက်ဆိုချက်အရ အင်နာရော့ဒူရာသည် လွန်ခဲ့သည့် ၈ နှစ်ခန့်က လည်းကောင်း၊ ရှိတ်ကူသည် လွန်ခဲ့သည့် ၃ နှစ်ခန့်ကလည်းကောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနာဖ်မြို့၊ ရွှေမဖြူချောင်းရွာသို့ သွားရောက်နေထိုင်ခဲ့သူများဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဆက်လက်စစ်ဆေးလျက်ရှိကြောင်း ထုတ်ပြန်သည်။

(ဓာတ်ပုံ-နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly