အကြမ်းဖက်မှုများ လုပ်ဆောင်ရန် ကြံရွယ်နေသည်ဟု သံသယရှိရသူ တူနီးရှားလူမျိုးတစ်ဦးအား ဂျာမန်ရဲများ ဖမ်းဆီး

အကြမ်းဖက်မှုများ လုပ်ဆောင်ရန် ကြံရွယ်နေသည်ဟု သံသယရှိရသူ တူနီးရှားလူမျိုးတစ်ဦးအား ဂျာမန်ရဲများ ဖမ်းဆီး

ဖေဖေါ်ဝါရီ ၁ ။                ။ ယနေ့ဗုဒ္ဓဟူးနေ့တွင် ဂျာမနီနိုင်ငံအနောက်ပိုင်း၌ ဂျာမန်ရဲများက အလစ်အငိုက်ဖမ်းဆီးရှာဖွေမှုများ ပြုလုပ်ခဲ့ပြီး တူနီးရှားအမျိုးသားတစ်ဦးအား အိုင်အက်စ်တပ်ဖွဲ့အတွက် စစ်သားစုဆောင်းနေခြင်းများနှင့် အကြမ်းဖက်လုပ်ငန်း များပြုလုပ်ရန် စီစဉ်နေသည်ဟု သံသယရှိရသောကြောင့် ဖမ်းဆီးခဲ့သည်။

ဖရန့်ဖွတ်မြို့အနီးအနားရှိ ရုံးပေါင်း၅၄ခု၊အိမ်များနှင့်ဗလီများကို မနက်ဝေလီဝေလင်းအချိန်၌ပစ်မှတ်ထားရှာဖွေ ခဲ့ကြောင်း ဖရန့်ဖွတ်ရှိအစိုးရရှေ့နေရုံးမှထုတ်ပြန်ခဲ့သည်။

အသက်၃၆နှစ်အရွယ်ရှိတူနီးရှားအမျိုးသားသည် အိုင်အက်စ်၏အဖွဲ့ခွဲလေးမှအဖွဲ့ဝင် ၁၆ဦးအားဦးဆောင်ကာ တပ်သားသစ်စုဆောင်းခြင်းနှင့် အကြမ်းဖက်မှုများ ေ ဆာင်ရွက်ရန်ကြံစည်နေသည်ဟု သံသယရှိရသည်။

အဆိုပါစီးနင်းရှာဖွေမှုအတွင်း ရဲတပ်သားပေါင်း၁၀၀၀ကျော်လောက်ပါဝင်ကြောင်း ဟက်ဆီဒေသရှိပြည်ထဲရေး ဝန်ကြီးဖြစ်သူ ပီတာဘုသ်ကပြောခဲ့သည်။

နောက်ဆက်တွဲသတင်းများအရ အဆိုပါတူနီးရှားအမျိုးသားသည် ၂၀၁၅ခုနှစ်ကဖြစ်ပွားခဲ့သော လူအသေအ ပျောက်အများအပြားရှိခဲ့သည့် တူနီးရှားနိုင်ငံမြို့တော် တူးနစ်မြို့ရှိ ဘာဒိုပြတိုက် တိုက်ခိုက်ခဲ့မှုတွင် ပါဝင်ခဲ့သူ တစ်ဦးဖြစ်ကြောင်း အစိုးရရှေ့နေများက စွပ်စွဲထားကြသည်။

ယခုစစ်ဆင်ရေးသည် နိုင်ငံရပ်ခြားရှိ စစ်မြေပြင်သို့ ထွက်ခွာရန်စီစဉ်နေသည်ဟု သံသယရှိရသူအစွန်းရောက် အကြမ်းဖက်သမားသုံးဦးအား ဂျာမန်ရဲများကဘာလင်မြို့၌  ဖမ်းဆီးရမိခဲ့ပြီး   နောက်တစ်နေ့တွင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါ သုံးဦးသည်အီရတ် သို့မဟုတ် ဆီးရီးယားသို့ ဦးတည်နေကြောင်း သံသယရှိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly