ခြစားမှု ပြစ်ဒဏ်များကို အစိုးရက လျှော့ပေါ့ပေးလိုက်ခြင်းကြောင့် ရိုမေးနီးယားပြည်သူ ထောင်ပေါင်းများစွာ ချီတက်ဆန္ဒပြ

ခြစားမှု ပြစ်ဒဏ်များကို အစိုးရက လျှော့ပေါ့ပေးလိုက်ခြင်းကြောင့် ရိုမေးနီးယားပြည်သူ ထောင်ပေါင်းများစွာ ချီတက်ဆန္ဒပြ

ဖေဖော်ဝါရီ ၁ ။                      ။ အကျင့်ပျက်ခြစားမှုအတွက် ကျခံရမည့်ပြစ်ဒဏ်များကို ရိုမေးနီးယားအစိုးရက လျှော့ပေါ့သတ်မှတ်ပေးလိုက်သည့် အငြင်းပွားအမိန့်တစ်ရပ်ထွက်ရှိလာပြီးနောက် ယင်းနှင့်ပတ်သက်၍ ကျေနပ်မှုမရှိသော ပြည်သူထောင်ပေါင်းများစွာတို့သည် ဇန်နဝါရီ ၃၁ ရက်ညပိုင်းက လမ်းများပေါ်သို့ ချီတက်ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

အစိုးရ၏ အငြင်းပွားဖွယ်ရာ ယင်းအမိန့်ဒီဂရီကြောင့် နိုင်ငံရေးသမားအများအပြား အမှုဖွင့်စွဲဆိုခံရမည့်ဘေးမှ လွတ်ကင်းသွားနိုင်မည့်အခြေအနေများဆီသို့လည်း ဦးတည်သွားစေခဲ့သည်။

မြို့တော် Bucharest တွင် ဆန္ဒပြသူများက အစိုးရရုံးများရှေ့ စုဝေးရောက်ရှိခဲ့ပြီး "သူခိုးများ" ဆိုပြီး အော်ဟစ် ဟစ်ကြွေးခဲ့ကြသကဲ့သို့ အာဏာရယူထားသည်မှာ တစ်လပင် မရှိသေးသော ဆိုရှယ်ဒီမိုကရက်တစ်အစိုးရ အစိုးရ နှုတ်ထွက်ရေးကို လည်း အော်ဟစ် တောင်းဆိုခဲ့ကြသည်။

တစ်ချိန်တည်းမှာလဲ ဆန္ဒပြပွဲများသည် Cluj ၊ Sibiu ၊ Timisoara နှင့် lasi တို့အပါအဝင် အခြားသော မြို့ကြီးများသို့ပါ ကူးစက်ခဲ့ကြောင်း သတင်းမီဒီယာဖော်ပြချက်များအရ သိရသည်။

နိုင်ငံရေးသမားများ ရုံးတင်စွဲချက်တင်ခံရမည့်ဘေးမှ လွတ်မြောက်ခွင့်ရသွားနိုင်သည့် ယခုအစိုးရ၏ အမိန့်ထုတ်ပြန်ချက်ထွက်ရှိလာပြီးနောက် နိုင်ငံတစ်ဝန်း ပြည်သူများအကြား ဆန္ဒပြမှုများ ရုတ်ခြည်းပေါ်ပေါက်လာနေခဲ့ခြင်းလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags