သမ္မတရာထူးအတွက် ၀င်ရောက်ယှဉ်ပြိုင်မည် မဟုတ်ကြောင်း ကုလအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်း ပြောကြား

သမ္မတရာထူးအတွက် ၀င်ရောက်ယှဉ်ပြိုင်မည် မဟုတ်ကြောင်း ကုလအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်း ပြောကြား

ဖေဖော်ဝါရီ ၁ ။                  ။ တောင်ကိုရီးယား သမ္မတ အဖြစ် ဝင်ရောက်ယှဉ်ပြိုင် ရွေးကောက်ခံသွားမည်မဟုတ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်းဖြစ်သူ ဘန်ကီမွန်းက ဖေဖော်ဝါရီ ၁ ရက်တွင် အတည်ပြု   ပြောကြားသွားသည်။

ကုလအတွင်းရေးမှူးချုပ်ဟောင်း အနေဖြင့် နယူးယောက်တွင် ဆယ်စုနှစ်တစ်စုစာ နေထိုင်ပြီး နိုင်ငံတကာအဖွဲ့အစည်းကြီးကို ဦးဆောင်မှုပေးခဲ့ပြီးနောက် ယမန်လက မိခင်နိုင်ငံသို့   ပြန်ရောက်နေခဲ့ခြင်း   ဖြစ်ကာ ယခုနှစ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဟု မျှော်လင့်ခံထားရသူဖြစ်သည်။

သို့သော် ၎င်း သမ္မတအဖြစ် ဝင်အရွေးခံရန်အတွက် ရှေ့တွင်အတားအဆီးများ ရှိနေပြီး လူထုထောက်ခံမှုရရန်လည်း ရုန်းကန်နေခဲ့ရသည်လည်း ရှိခဲ့သည်။

" ကျွန်တော်ရဲ့ ဦးဆောင်မှုနဲ့အတူ နိုင်ငံရေးအပြောင်းအလဲတစ်ရပ် ဖော်ဆောင်မယ်လို့ ရည်ရွယ်ထားတဲ့ ရည်မှန်းချက်ကိုတော့ ကျွန်တော်စွန့်လွှတ်လိုက်ပါပြီ၊ ပြည်သူအများအပြား စိတ်ပျက်သွားကြမယ် ဆိုတာလည်း သိပါတယ်၊ ဒီအတွက်လည်း စိတ်မကောင်းပါဘူး" ဟု ဘန်က သတင်းထောက်များကို ပြောသွားသည်။

ဘန်ကီမွန်းအနေဖြင့် ၎င်းနိုင်ငံ၏ သမ္မတအဖြစ် ဝင်ရွေးခံမည်ဟု မည်သည့်အခါကမှ တရားဝင်ကြေညာခဲ့ခြင်း မရှိသော်လည်း သမ္မတ ပက်ဂွမ်ဟေး ခြစားမှုနှင့် စွပ်စွဲပြစ်တင်ခံနေရသည့် နိုင်ငံတွင် အပြောင်းအလဲတစ်ရပ် ဖော်ဆောင်ရမည်ဟု မကြာခဏထုတ်ဖော်ခြင်း၊ လူမြင်ကွင်းသို့ မကြာမကြာ ထွက်ပြခြင်းတို့ကြောင်း ပြည်သူများက ထင်မြင်ချက်များ ပေးနေခဲ့ကြခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly