ဘိုင်ယန်တောင်ပံကစားသမား ရီဘာရီ အာဆင်နယ်နှင့်ပွဲတွင် ပါဝင်ရန် မသေချာ

ဘိုင်ယန်တောင်ပံကစားသမား ရီဘာရီ အာဆင်နယ်နှင့်ပွဲတွင် ပါဝင်ရန် မသေချာ

ဖေဖော်ဝါရီ ၁၊ မြူးနစ်။         ။ ဘိုင်ယန်မြူးနစ်တောင်ပံကစားသမား ရီဘာရီသည် ပေါင်ဒဏ်ရာကြောင့်နှစ်ပတ်ခန့်အနားယူရမည်ဖြစ်သဖြင့် အာဆင်နယ်နှင့် ကစားမည့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်တွင်ပါဝင်ရန် မသေချာသည့်အနေအထားဖြစ်သည်။

ရီဘာရီသည် အင်္ဂါနေ့ကပြုလုပ်သောလေ့ကျင့်ခန်းအစီအစဉ်တွင် ညာဘက်ပေါင်နောက်ကြောဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ဘွန်ဒက်စ် လီဂါပွဲစဉ်နှစ်ပွဲဖြစ်သည့် ရှော်လ်ကေး၊ အင်ဂိုစတက်တို့နှင့်ပွဲ၊ ဂျာမန်ပိုကယ်ဖလားပွဲဖြစ်သော ဝုဖ်ဘတ်နှင့်ပွဲကို လွဲချော်မည် ဖြစ်သည်။

အသက် ၃၃ နှစ်အရွယ် ကစားသမားအနေဖြင့် ဖေဖော်ဝါရီ ၁၅ တွင်ကစားမည့် အာဆင်နယ်နှင့်ပွဲကိုလည်း ပါဝင်ကစားနိုင်ရန် မသေချာခြင်းဖြစ်သည်။

ရီဘာရီသည် ဘိုင်ယန်နှင့် အာဆင်နယ်တို့တွေ့ဆုံမှုတိုင်းတွင် ကံကောင်းလေ့မရှိဘဲ ၂၀၁၃ နှင့် ၂၀၁၄ တွေ့ဆုံမှုနှစ်ခုစလုံးကို ဒဏ်ရာများကြောင့် လွဲခဲ့ရဖူးသည်။

သို့သော် ဘိုင်ယန်မြူးနစ်နည်းပြအန်ဆလော့တီအတွက် သတင်းကောင်းတစ်ခုအနေဖြင့် ဗီဒယ်လ်၊ သီယာဂိုနှင့် ရော်ဘင်တို့မှာ တနင်္ဂနွေနေ့ ဘွန်ဒက်စ်လီဂါပွဲဖြစ်သော ရှော်လ်ကေးနှင့်ပွဲအမီ ကြံ့ခိုင်မှုပြည့်လာကြပြီဖြစ်သည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly