နိုင်ငံတော်တရားရုံးချုပ် တရားသူကြီးအဖြစ် ဒေါ်နယ်ထရမ့် အမည်စာရင်း တင်သွင်းလာသူကို ဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပေါ်ပြန်

နိုင်ငံတော်တရားရုံးချုပ် တရားသူကြီးအဖြစ် ဒေါ်နယ်ထရမ့် အမည်စာရင်း တင်သွင်းလာသူကို ဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပေါ်ပြန်

ဖေဖော်ဝါရီ ၁ ။            ။ အမေရိကန် တရားလွှတ်တော်ချုပ် တရားသူကြီးအဖြစ် အယူခံရုံးတရားသူကြီး နီလ်ဂေါ်ဆက်ချ် အား ရွေးချယ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ကြေညာခဲ့ပြီးနောက် ယခုအခါ တရားလွှတ်တော်ချုပ် အဆောက်အအုံပြင်ပတွင်  ယင်းအမည်တင်သွင်းမှုအပေါ် ဆန့်ကျင်ဆန္ဒြုပသူများ စုဝေးဆန္ဒပြခဲ့ကြပြန်သည်ဟု သိရသည်။

နိုင်ငံတွင် အမြင့်ဆုံးတရားရုံးဖြစ်သည့် နိုင်ငံတော်တရားရုံးချုပ် တရားသူကြီးအဖြစ် အသက် ၄၉ နှစ်အရွယ် အယူခံတရားရုံး တရားသူကြီး ဂေါ်ဆက်ချ်အား ဇန်နဝါရီ ၃၁ ရက်က ထရမ့်က ရွေးချယ် အမည်စာရင်း တင်သွင်းလိုက်ခြင်းလည်း ဖြစ်သည်။

သမ္မတ၏ အမည်စာရင်းတင်သွင်းမှုကို ဆိနိတ်က အတည်ပြုပေးလိုက်မည်ဆိုပါက တရားသူကြီး ဂေါ်ဆက်ချ်မှာ တရားလွှတ်တော်ချုပ် ယခင်တရားသူကြီး အန်သိုနင် စကယ်လီယာ သေဆုံးပြီးကတည်းက လစ်လပ်နေသော နေရာတွင် အစားထိုး တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။

ယခု ကဲ့သို့ တရားသူကြီး ဂေါ်ဆက်ချ်အားရွေးချယ်ခန့်အပ်ခြင်းက နိုင်ငံ၏ အမြင့်ဆုံး တရားရုံးတွင် ကွန်ဆာတေးဗစ်တို့ဘက်မှ ငါးမဲ၊လေးမဲဖြင့် အသာရသွားတော့မည်လည်း ဖြစ်သည်။

ယခု အမည်စာရင်းတင်သွင်းခံရသည့် တရားသူကြီး ဂေါ်ဆက်ချ်မှာ နိုင်ငံတော်တရားရုံးချုပ် တရားသူကြီးများထဲတွင် အသက်အငယ်ဆုံးပုဂ္ဂိုလ် လည်း ဖြစ်လာရန် ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly