တိုက်စစ်မှူး အိုင်ဟာလိုကို တရုတ်စူပါလိဂ်ကလပ် ချန်ချွင်းယားထိုင်အသင်းထံ ဝက်ဖို့ဒ်ရောင်းချ

တိုက်စစ်မှူး အိုင်ဟာလိုကို တရုတ်စူပါလိဂ်ကလပ် ချန်ချွင်းယားထိုင်အသင်းထံ ဝက်ဖို့ဒ်ရောင်းချ

ဖေဖော်ဝါရီ ၁၊ ချန်ချွင်း။                ။ ဝက်ဖို့ဒ်အသင်းသည် နိုက်ဂျီးရီးယားတိုက်စစ်မှူး အိုဒီယွန် အိုင်ဟာလိုကို တရုတ်စူပါလိဂ်ကလပ် ချန်ချွင်းယားထိုင် (Changchun Yatai) အသင်းထံ ပေါင်သန်း ၂၀ ဖြင့်ရောင်းချလိုက်သည်။ အိုင်ဟာလိုအနေဖြင့် တစ်ပတ်လုပ်ခ ပေါင် ၂၀၀, ၀၀၀ နီးပါး ရဖွယ်ရှိ သည်။

အသက် ၂၇ နှစ်ရှိ အိုင်ဟာလိုသည် ၂၀၁၄ တွင် အီတလီကလပ်အူဒီးနီးစ်မှ ပြောင်းလာပြီး ဝက်ဖို့ဒ်အသင်းကို ၂၀၁၄-၁၅ ရာသီတွင် ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့်ရအောင် ကူညီပေးနိုင်ခဲ့သည်။

၂၀၁၅-၁၆ ရာသီတွင် ပရီးမီးယားလိဂ်ဂိုး ၁၅ ဂိုးသွင်းနိုင်ခဲ့သော်လည်း လက်ရှိဘောလုံးရာသီတွင်မူ ပရီးမီးယားလိဂ်ဂိုး တစ်ဂိုးသာ ရထားကာ ပြိုင်ပွဲစုံ ၁၅ ပွဲဆက် ဂိုးပေါက်ပျောက်နေသည်။

ဝက်ဖို့ဒ်အသင်းသည် တန်းဆင်းဇုန်နှင့် ရှစ်မှတ်ကွာနေပြီး ပရီးမီးယားလိဂ်အဆင့် ၁၄ သို့ရောက်နေသည်။ အိုင်ဟာလိုအနေဖြင့် ဝက်ဖို့ဒ်တွင်ကစားခဲ့သည့် ပွဲ ၁၀၀ တွင် ၃၉ ဂိုးသွင်းယူထားသည်။

ဝက်ဖို့ဒ်အသင်းသည် ဆောင်းရာသီအပြောင်းအရွှေ့အတွင်း တိုက်စစ်မှူးနှစ်ဦးကိုခေါ်ယူထားပြီး အေစီမီလန်မှ အသက် ၂၂ နှစ် အရွယ် နီယန်း (ရာသီကုန်ထိအငှား)နှင့် ဖီအိုရင်တီးနားမှ အသက် ၂၉ နှစ်အရွယ် ဇာရာတီ (အပြီးသတ်စာချုပ်) တို့ဖြစ်သည်။

Ref; BBC

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly