ရှေ့နေဦးကိုနီ လုပ်ကြံခံရမှု ကွင်းဆက်တရားခံ မြင့်ဆွေ ဖမ်းမိသည့် သတင်း ကရင် နယ်လုံဝန်ကြီး အတည်မပြု

ရှေ့နေဦးကိုနီ လုပ်ကြံခံရမှု ကွင်းဆက်တရားခံ မြင့်ဆွေ ဖမ်းမိသည့် သတင်း ကရင် နယ်လုံဝန်ကြီး အတည်မပြု

NLD ပါတီ ဥပဒေအထောက်အကူပြုအဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို လုပ်ကြံရာတွင် ငွေပေးခိုင်းစေသူဟု ယူဆရသည့် မြင့်ဆွေ ဆိုသူကို ဖမ်းဆီးမိပြီဟု လူမှုကွန်ယက် စာမျက်နှာများတွင် ပျံ့နှံ့နေသည့် သတင်းများကို အတည်မပြုနိုင်ကြောင်း ကရင်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး အောင်လွင်က မဇ္ဈိမသို့ပြောသည်။

"လောလောဆယ်တော့ သတင်းကို အတည်မပြုသေးပါဘူးခင်ဗျ" ဟု ဗိုလ်မှူးကြီးအောင်လွင်က ဆိုသည်။

ဖေဖော်ဝါရီ ၁  ရက် နံနက်ပိုင်းက ဦးကိုနီကို လုပ်ကြံမှုတွင် ပါဝင်သည့် ကွင်းဆက်တရားခံ မြင့်ဆွေ အပါအဝင် ငါးဦးကို ကရင်ပြည်နယ်အတွင်း မြဝတီမြို့တွင် ဖမ်းဆီးရမိသည်ဟု လူမှုကွန်ယက်စာမျက်နှာများတွင် ပျံ့နှံနေမှုအပေါ် အတည်ပြုနိုင်ရန် မဇ္ဈိမမှ  ကရင်ပြည်နယ် နယ်လုံဝန်ကြီးကို ဆက်သွယ်မေးမြန်းရာတွင် နယ်လုံဝန်ကြီးမှ အထက်ပါ အတိုင်းဖြေဆိုခဲ့ခြင်း ဖြစ်သည်။

မြဝတီမြို့ရဲစခန်း တာဝန်ကျ ရဲအရာရှိ တစ်ဦးကမူ “သတင်းဌာနတွေ စိတ်တော့မရှိပါနဲ့ ခင်ဗျာ့။ ဒီကိစ္စက အရေးကြီးတဲ့အတွက် ဒါတွေကို မချွင်းမချန် ပြောပြလို့မဖြစ်လို့ပါခင်ဗျာ့” ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly