အီရန် ဒုံးကျည်စမ်းသပ်မှုနှင့် ပတ်သက်၍ လုံခြံုရေးကောင်စီတွင် အရေးပေါ် အစည်းအဝေး ခေါ်ယူမည်

အီရန် ဒုံးကျည်စမ်းသပ်မှုနှင့် ပတ်သက်၍ လုံခြံုရေးကောင်စီတွင် အရေးပေါ် အစည်းအဝေး ခေါ်ယူမည်

ဇန်နဝါရီ ၃၁ ။                ။ တာလတ်အဆင့်ရှိ ဒုံးကျည်တစ်စင်း အီရန်တို့ စမ်းသပ်ပစ်လွှတ်ခဲ့မှုနှင့်စပ်လျင်း၍ ဇန်နဝါရီ ၃၁ ရက်တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ အရေးပေါ်အစည်းအဝေး   ခေါ်ယူသွားမည်ဖြစ်ကြောင်း သံတမန်များက ပြောသည်။

အီရန်တို့၏ ဒုံးကျည်စမ်းသပ်မှုအပေါ် ကောင်စီက အရေးယူလုပ်ဆောင်ပေးရန် ကုလသမဂ္ဂဆိုင်ရာ အစ္စရေးသံအမတ်ကြီးက တောင်းဆိုခဲ့ပြီးနောက် အမေရိကန်ကလည်း ယင်းနှင့်ပတ်သက်၍ အရေးပေါ်ညှိနှိုင်းမှုများလုပ်ဆောင်ရန် ပန်ကြားခဲ့သည်။

" ဇန်နဝါရီ ၂၉ ရက်က အီရန်တို့ တာလတ်ပဲ့ထိန်းဒုံးကျည်စမ်းသပ်ခဲ့မှုနောက်ပိုင်း ဒါနဲ့ပတ်သက်လို့ လုံခြုံရေးကောင်စီမှာ ဆွေးနွေးဖို့ တောင်းဆိုလိုပါတယ်" ဟု အမေရိကန်တို့က ထုတ်ပြန်သည်။

ကောင်စီတွင် အီရန် အရေးဆွေးနွေးပြီးနောက် ဆီးရီးယားအရေး ထပ်မံဆွေးနွေးမည်ဟုလည်း သိရသည်။

တားမြစ်တားသည့် ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှုကို အီရန်တို့လုပ်ဆောင်ခဲ့ခြင်းက ကုလသမဂ္ဂ ပဋိဉာဏ်ကို ချိုးဖောက်ရာ ရောက်ကြောင်း အစ္စရေးသံအမတ် ဒန်နီ ဒန်နွန်က ပြောကြားသည်။

"  အီရန်ရဲ့ ယခုလုပ်ဆောင်မှုဟာ အစ္စရေးကိုရော အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံးကို ခြိမ်းခြောက်လိုက်တာဖြစ်လို့ ကုလသမဂ္ဂအနေနဲ့ ဒါကို ချက်ချင်းကိုင်တွယ်ဆောင်ရွက်သင့်ပါတယ်" ဟု ၎င်းက ပြောကြားသွားသည်။

သို့သော်လည်း ယခု အီရန်၏ လုပ်ဆောင်မှုမှာ ကုလသမဂ္ဂ စည်းမျဉ်းကို ဆန့်ကျင်ရာမရောက်ကြောင်းလည်း ရုရှက ခုခံပြောဆိုပေးသွားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly