ဒေါ်နယ်ထရမ့်၏ ခရီးသွားပိတ်ပင်ချက်ကို ဖီဆန်ခဲ့သည့် ရှေ့နေချုပ်ကို ရာထူးမှ ထုတ်ပယ်ပစ်

ဒေါ်နယ်ထရမ့်၏ ခရီးသွားပိတ်ပင်ချက်ကို ဖီဆန်ခဲ့သည့် ရှေ့နေချုပ်ကို ရာထူးမှ ထုတ်ပယ်ပစ်

ဇန်နဝါရီ ၃၁ ။            ။ လက်တလော ထုတ်ပြန်ထားသည့် လူဝင်မှုကြီးကြပ်ရေး အထူးအမိန့်တစ်ရပ်နှင့် စပ်လျင်း၍ လိုက်နာခြင်းမပြုလိုဘဲ ဖီဆန်ပြောကြားခဲ့သည့် ရှေ့နေချုပ် ဖြစ်သူကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရာထူးမှ ထုတ်ပယ်လိုက်သည်။

လက်ရှိရှေ့နေချုပ်ဖြစ်သူ Sally Yates မှာ ထရမ့်၏ အငြင်းပွားဖွယ် ခရီးသွားပိတ်ပင်ချက်အမိန့်နှင့်ပတ်သက်၍ အမေရိကန်တရားရေးဌာန ရှေ့နေများ လိုက်နာဆောင်ရွက်ခြင်းမပြုကြရန် ညွန်ကြားခဲ့ပြီးနောက် ဇန်နဝါရီ ၃၀ ရက်တွင် ထရမ့်က ၎င်းအား ရာထူးမှ ရပ်ဆိုင်းလိုက်ခြင်းလည်း ဖြစ်သည်။

" အမေရိကန်နိုင်ငံသားတွေကို ကာကွယ်ဖို့ ထုတ်ပြန်ခဲ့တဲ့ ဒီအမိန့်ကို ရှေ့နေချုပ် Sally Yates အနေနဲ့ လိုက်နာဆောင်ရွက်ဖို့ ငြင်းဆန်လိုက်တာက တရားရေးဌာနကို သစ္စာဖောက်လိုက်တာပါ" ဟု အိမ်ဖြူတော်က ထုတ်ပြန်သွားသည်။

" အခု သမ္မတ ထရမ့်က Ms Yates ရဲ့ လက်ရှိ ရာထူးတာဝန်တွေကို ရုတ်သိမ်းလိုက်ပါပြီ၊ သူ့နေရာမှာ ဗားဂျီးနီးယား အရှေ့ပိုင်းဒေသက ရှေ့နေ Dana Boente ကို ယာယီအစားထိုးလိုက်ပါပြီ" ဟု အိမ်ဖြူတော် ထုတ်ပြန်ချက်တွင် ပါရှိသည်။

တစ်ချိန်တည်းမှာပင် သမ္မတဒေါ်နယ်ထရမ့်က လက်ရှိ အမေရိကန်လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဌာနအကြီးအကဲ ဖြစ်သူ Daniel Ragsdale ကိုပါ ရာထူးမှဖယ်ရှားပြီး အစားထိုးလိုက်သည်ဟုလည်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly